စက်တင်ဘာလ ၂၀ ရက်နေ့မှာ Hyorin ဟာ Song Eun Yi နဲ့ Kim Sook တို့ရဲ့ ရေဒီယိုအစီအစဉ်မှာ ဧည့်သည်အနေနဲ့ပါ၀င်ခဲ့ပါတယ်။ အစီအစဉ်မှာ Hyorin ဟာ အေဂျင်စီ မပါဘဲ တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ပါတယ်။

“ကျွန်မ ဟာ လဲကျတိုင်းပြန်ထတတ်သူပါ။ ဒါကြောင့် ကျွန်မကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါတယ်” လို့ Hyorin က ဆွေးနွေးပွဲ မှာ ပြောကြားခဲ့ပါတယ်။ “ကျွန်မကိုယ့်ဟာကို concert လုပ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေမှု ပေးချင်ပါတယ်” လို့သူမက ပြောကြားခဲ့ပါတယ်။

Hyorin ဟာ သူမရဲ့ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေ စွဲမက်နေကြပါတယ်။ ဒါ့အပြင် သူမဟာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်နိုင်တဲ့ အသံကိုလည်းပိုင်ဆိုင်ထားသူပါ။

Source: Korea Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။