သစ်ကုလားအုပ်လေးလို့ ကိုယ်စားပြုနာမည်ရထားတဲ့ လီဂွမ်ဆူဟာ Running Man အစီစဉ်မှာ ပရိသတ်အများဆုံးရရှိထားတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ လီဂွမ်ဆူဟာ တောင်ကိုရီးယားနိုင်ငံမှာပင် မဟုတ် အာရှနိုင်ငံတွေမှာပါ ပရိသတ်အခိုင်အမာရရှိထားပြီး အာရှမင်းသားလေးလို့တောင် နာမည်တွင်ခဲ့ပါတယ်။ မစ်ရှင်တွေမှာ အမြဲလိုလို သစ္စာဖောက်ပေမယ့် အဖွဲ့ဝင်အားလုံးက ချစ်ရတဲ့ အငယ်ဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဖွဲ့ဝင်တွေထဲမှာ အရပ်အရှည်ဆုံး ဖြစ်တဲ့ အတွက် သစ်ကုလားအုပ်လို့ ကိုယ်စားပြုနာမည်ရရှိထားတာ ဖြစ်ပါတယ်။

အခု သစ်ကုလားအုပ်လေး ဂွမ်ဆူဟာ သူငယ်ချင်းဖြစ်သူ ယူယောင်းဆော့ရဲ့ Musical အတွက် ထောက်ခံပေးလိုက်တယ်လို့ သိရပါတယ်။ ဂွမ်ဆူဟာ ယူယောင်းဆော့ ရဲ့ အဓိက ထောက်ခံသူတစ်ဦး ဖြစ်ပါတယ်။ မင်းသား Yoo Yeon Seok ဟာ သူမိတ်ကပ်လိမ်းနေစဉ်မှာ ဂွမ်ဆူနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို စက်တင်ဘာ(၁၇)ရက်နေ့မှာ သူအသုံးပြုတဲ့ Instagram မှာ တင်ထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့အတူ “Hedwig” နဲ့ “Asia Prince” ဆိုပြီးလည်း ရေးသားထားတာ တွေ့ရပါတယ်။

နောက်တစ်ပုံမှာတော့ ပွဲကိုလာရောက်တဲ့ King Koung Entertainment က သူငယ်ချင်းတွေဖြစ်တဲ့ Park Hee Soon နဲ့ Oh Ah Yeon တို့နဲ့ အတူ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ယူယောင်းဆော့ဟာ ဒီနှစ်ကုန်ပိုင်းလောက်မှာ စာရေးဆရာမ Kim Eun Sook’s ရဲ့ “Mr.Sunshine” ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး နိဝင်ဘာ(၅)ရက်နေ့အထိ Hongik အနုပညာဗဟိုဌာနပြဇာတ်ရုံမှာ ပြုလုပ်ကျင်းပမယ့် “Hedwig and the Angry Inch” Musical မှာ Hedwig အဖြစ် ပါဝင်သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။