ဆေးလိပ်သောက်ခြင်းက ကျန်းမာရေး ဆိုးကျိုးများစွာ ရှိပါတယ်။ ယောက်ျားလေးတွေရဲ့ ၈၈% က ဆေးလိပ်ကို သောက်သုံးလေ့ ရှိပါတယ်။ အများစုက ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေက မသိသလိုလို၊ လျစ်လျူရှုသလိုလို၊ မေ့ချင်သလိုလိုနဲ့ နည်းမျိုးစုံ အကြောင်းပြပြီး ဆေးလိပ်သာက်လေ့ ရှိပါတယ်။ ဆေးလိပ်သောက်ခြင်းက ဘာကောင်းကျိုး မရနိုင်ရုံသာမက ငွေကြေးကုန်ကျပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများကို ဗဟုသုတ ရစေရန်နှင့် ဆေးလိပ်ဖြတ်ကြဖို့ရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။  

ဆေးလိပ်သောက်ခြင်းဖြင့် ရရှိစေသော ဆိုးကျိုးများမှာ -

၁။ မျက်စိအောက် မျက်ပျဉ်းဖြစ်ပေါ်ခြင်း

၂။ ကြမ်းထော်တဲ့ အနီ ဖုများထသော အရေပြားရာဂါ

၃။ သွားတွေပျက်စီးခြင်း

၄။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့ အသားအရေ တွန့်ရှုံ့ခြင်း

၅။ လက်ချောင်းများ ဝါကြန့်ကြန့်ဖြစ်ခြင်း

၆။ ဆံသား ပျက်စီးစေခြင်း 

၇။ အမာရွတ်များ ဖြစ်ခြင်း

၈။ နုပျိုမှုတွေ ပျောက်ဆုံးသွားခြင်း

၉။ အရေးအကြာင်းများထင်ခြင်း

၁၀။ မျက်စိအတွင်းတိမ်ခြင်း

၁၁။ ပါးစောင် နှင့် သွားဖုံးကင်ဆာ များဖြစ်ခြင်း

၁၂။ အဆုပ်ကင်ဆာ ဖြစ်ခြင်း 

အထက်ဖော်ပြပါ အကြောင်းအရာများထဲမှ တစ်ချို့သော အကြောင်းအရာများသည် ဆေးလိပ်မသောက်ဘူး ဆိုရင်တောင် ဖြစ်နိုင်ပေမဲ့ ဆေးလိပ်သောက်ရင် အန္တရာယ်က ပိုများပါတယ်။ ရောဂါဖြစ်စေဖို့လည်း ဖိအားပေးရာ၊ တွန်းအားပေးရာ ရောက်ပါတယ်။

ဆေးလိပ်သောက်သုံးခြင်းက ကျန်းမာရေး၊ ဦးနှောက်မှတ်ဉာဏ်နဲ့ အမြင်အာရုံတွေအတွက်လည်း အကျိုးမရှိပါဘူး။ ဆေးလိပ်ဖြတ်ခြင်းဖြင့် မိမိခန္ဓာကိုယ် ကြည့်ကောင်းအောင် ရေရှည်ထိန်းသိမ်းနိုင်သော နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။ လူမှုရေး၊ ကျန်းမာရေးအပြင် အချစ်ရေးလည်း ပိုပြီး အဆင်ပြေလာပါလိမ့်မယ်။

အားလုံးပဲ လှပ ကျန်းမာပြီး သာယာသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင့် … ။

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။