Girls’ Generation အဖွဲ့ဝင် YoonA ဟာ The King Loves ဇာတ်ကားရဲ့ နောက်ဆုံးပိတ် အင်တာဗျူးမှာ အဖွဲ့အကြောင်းပြောကြားခဲ့ပါတယ်။ ““Girls’ Generation” အဖွဲ့ဟာ ကျွန်မအခုလို အောင်မြင်မှု ရရှိဖို့ အဓိကနေရာကနေပါ၀င်ပါတယ်။ ကျွန်မတို့ အဖွဲ့ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်ကို မကြာသေးမီ ကပဲကျင်းပခဲ့ပါသေးတယ်။” လို့သူမက ပြောကြားသွားပါတယ်။

“၁၀ နှစ်လုံး စည်းစည်းလုံးလုံးဖြစ်ဖို့ ဆိုတာမလွယ်ပါဘူး။ အဖွဲ့အနေနဲ့ ၁၀နှစ်တာ ကာလကို ရောက်ရှိ လာတာကို ၀မ်းသာမိပါတယ်၊ Confidential Assignment နဲ့ The K2 ဇာတ်ကားတွေကနေ မင်းသမီးကောင်းတစ်ယောက် အဖြစ် ပရိသတ်ထောက်ခံမှု ရရှိခဲ့ပါတယ်၊ ကျွန်မ မင်းသမီး အနေနဲ့ သရုပ်ဆောင် တာ ၁၀နှစ်ပြည့်ပါပြီ။” လို့သူမ ကဆက်လက်ပြောခဲ့ပါတယ်။

YoonA ဟာ အာရှတိုက် တစ်ဝှမ်းကျော်ကြား တဲ့ အဆိုတော် နဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သုူမ ကိုချစ်တဲ့ ပရိသတ် တွေကတော့ သူမကို ဆက်လက်အားပေးနေကြမှာပဲဖြစ်ပါတယ်။

Source: Korea Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။