သူမရဲ့ မွေးရပ်မြေ ကချင်ပြည်နယ်ကို ပြန်လည်ရောက်ရှိနေတဲ့ ကချင်မော်ဒယ်လေး လုလုအောင် ကတော့ အလှပုံရိပ်တွေကို ထပ်မံထုတ်ပြလိုက်ပါတယ်။

လုံလုံခြုံခြုံလေးနဲ့ အရိုးရှင်းဆုံးလှနေတဲ့ လုလု ဟာ သူမရဲ့ ကချင်ပြည်နယ်တစ်ဝိုက်က ကလေးတွေဆီအလည်ရောက်နေပြီး အမှတ်တရပုံရိပ်လေးတွေဖန်တီးဖြစ်ခဲ့ပါတယ်။

“ခေးကြီးချစ်ရတဲ့ ခေးလေးတွေဆီတခေါက်လောက် အလည်သွားဖို့ ဖိတ်ခေါ်ပါတယ်ရှင့်” ဆိုတဲ့စာလေးရေးပြီး လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

အကိတ်တစ်လိုင်းလို့ အပြောခံရနေရတဲ့ မော်ဒယ်လုလု တစ်ယောက် သမီးလေးတစ်ယောက်ရဲ့ မေမေဖြစ်ပေမယ့်လည်း သူမရဲ့ ရပ်တည်မှုနဲ့သူမ နာမည်ကြီးနေသူဖြစ်ပါတယ်။

Single Mom အဖြစ် ရပ်တည်နေတဲ့ လုလုဟာ သူမရဲ့ အတုအပမရှိတဲ့ ကောက်ကြောင်းအလှကြောင့် ယောကျာ်းလေးပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့သူဖြစ်ပါတယ်။

လုလုတစ်ယောက် ကချင်ပြည်နယ်အလှတွေနဲ့အတူ မှော်ကျောက်စာ ဆိုတဲ့ စာတန်းကို သူမရဲ့ ကျောပြင်မှာ ထိုးထားတဲ့ ပုံရိပ်တွေကတော့ လူပြောများလျက်ရှိပါတယ်။

ကလေးတွေရဲ့ ဖြူစင်တဲ့ အပြုံးတွေမှာ လုလုကို ဘယ်လောက်ချစ်ကြလဲဆိုတာ ကြည်နူးစရာလေးအဖြစ် မြင်ရပါတယ်။  

Source :Luluaung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။