ဦးကျော်သူဟာ အောင်မြင်ကျော်ကြားတဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားကြီး တစ်လက်ဖြစ်ပြီး အခုအခါမှာတော့ ပရဟိတ နာရေးကူညီမှု ဥက္ကဌတစ်ဦးအဖြစ် ပရဟိတ လုပ်ငန်းများကို အစဉ်တစိုက် ကူညီလှုပ်ရှားနေသူဖြစ်ပါတယ်။ ပရဟိတသမားကြီး ဦးကျော်သူဟာ အစည်းအရုံးဆိုရင် အလွှာမခွဲပါနဲ့လို့ ပြောလိုက်ပါတယ်။ အစည်းအရုံးဆိုပေမယ့် ဘယ်အစည်းအရုံးဆိုတာကိုတော့ ထည့်ပြောထားခြင်း မရှိပါဘူး။ ဦးကျော်သူဟာ သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ပြောကြားလိုက်ပါတယ်။

“အစည်းအရုံးဆိုရင် “အလွှာမခွဲပါနဲ့”။

အစည်းအရုံးဆိုပြီး တစ်လောကလုံးမစည်းရုံးဘဲ ငါ့ထိုင်ခုံမြဲဖို့၊ ငါ့ဖို့၊ ငါ့အတ္တအတွက် ငါဆိုတဲ့ အလွှာတွေခွဲထုတ်ပြီး နယ်မြေကျဉ်းကျဉ်းလေးထဲမှာ စည်းရုံးရေးဆင်းနေကြတာဟာ လူကြားလို့ ရှက်စရာပါ… လဲသာသေလိုက်ကြတော့။” ဟု ရေးသား ပြောကြားထားတာ ဖြစ်ပါတယ်။

ဦးကျော်သူဟာ နှစ်အနည်းငယ်ကြာ အနုပညာမလုပ်တွေကို မလုပ်တော့ဘဲ ပရဟိတနှင့် အများပြည်သူကောင်းကျိုးကို အစဉ်တစိုက် ကြိုးစားပြူလုပ်နေတာဖြစ်ပြီး မကြာခင်ကမှ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ခဲ့တာဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ယခု MRTV မှ ထုတ်လွှင့်ပြသတဲ့ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။