၁၈.၉.၂၀၁၇ ရက်နေ့မှ ၁.၁၀. ၂၀၁၇ အထိ ဆရာစံဇာဏီဘိ်ု၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ လိုက်ဖက်သော နေ့နံများ ပါ၀င်တာကြောင့် အားလုံးပဲ ဒါလေးတွေကို သိရှိပြီး ကံကောင်းကြပါစေ

တနင်္ဂနွေနေ့ မွေးသူများ

ကြိုးပမ်းဆောင်ရွက်ထားသည်များမှ အလိုပြည့်စုံခြင်းနှင့် အောင်မြင်မှု အဆင့်ဆင့်ရရှမည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ပူးပေါင်းဆောင်ရွက်သော ကိစ္စများမှ ထင်ရှားသော တိုးတက်မှုများ ရရှမည်။ ယှဉ်ပြိုင်ရန် ကိစ္စနှစ်မျိုး တစ်ပြိုင်နက်တည်း ပေါ်မည်။ နှစ်ဖက်စလုံးမှ အောင်မြင်ခြင်းကို ရရှိမည်။ ကိုယ်ပိုင်အစွမ်းအစနှင့် ရှေးတိုးဆောင်ရွက်သည်များမှ အောင်မြင်မှုများ ရရှိလာမည်။ ခရီးသွားရန် အခြေအနေကောင်းများ ကြုံရမည်။ ရပ်ဝေးနိုင်ငံခြားသို့ သွားရောက်ရာမှ အောင်မြင်မှုများ အဆင့်ဆင့် ရရှိမည်။ ခရီးသွားရန် ဖိနပ်ပြတ်တာ၊ ပျောက်ဆုံးတာမျိုးဖြစ်ပါက အထူးကောင်းမွန်သည်။

ကံကောင်းသော အရောင် - အပြာရောင်၊ ပန်းရောင်၊ အနီရောင်

အကျိုးပေးဂဏန်း - ၄၊ ၂၊ ၉၊ ၀

ယတြာ - နာနတ်ရည် အလှူဒါနပြုပါ။ 

တနင်္လာနေ့မွေးသူများ

အတိုက်အခံများကို ကျော်လွန်၍ ငွေကြေးကိစ္စမှန်သမျှ ဆောင်ရွက် အဆင်ပြေမည်။ ကိုယ်စွမ်းကိုယ်စကို အသုံးချ၍ အဆင့်မြင့် တိုးတက်မှုများ ရရှိမည်။ ငွေကြေးလာလ်လာဘ ကံကောင်းမည်။ ဥစ္စာဓန တိုးတက်မည်။ သွား၊ သွားဖုံး ဒုက္ခပေးတတ်သည်။ စနေနံပစ္စည်းများဖြစ်သော - ထီး၊ ဖိနပ်၊ အထည်တို့အား လက်ဆောင်ရပါက လက်မခံပါနှင့်။ စိတ်အနှောင့်အယှက်များ ဖြစ်တတ်သည်။ နေအိမ်သို့ ဗုဒ္ဓဟူးနံ၊ စနေနံ အမည်တွဲပါသော (ဥပမာ - ဌေးဝင်း၊ ၀င်းထွန်း) အစရှိသော သူတို့ ၀င်ထွက်သွားလာပါက လာဘ်စိပ်တတ်သည်။ အတတ်ပညာဆန်းများ လေ့လာတတ်မြောက်မည်။

ကံကောင်းသော အရောင် - အဝါရောင်၊ အပြာရောင်၊ လိမ္မော်ရောင်

အကျိုးပေးဂဏန်း - ၀၊ ၄၊ ၈၊ ၉

ယတြာ - ကြွေပန်းကန်ပြားပေါ်တွင် ဆီးထမင်း (၅) ပုံ ပုံ၍ ဘုရားဆွမ်းတော်ကပ်ပါ။  

အင်္ဂါနေ့မွေးသူများ

ရည်မှန်းချက်မှန်သမျှကို ရှေ့တိုးဆောင်ရွက်ရန် အခါကောင်းကျရောက်မည်။ အပြိုင်အဆိုင်အားလုံကို ကျော်လွှားနိုင်မည်။ ဆုံးဖြတ်ထားပြီးဖြစ်လျက် မဝံ့မရဲနှင့် ဆောင်ရွက်ရန် ၀န်လေးနေသော ကိစ္စများ စတင် ဆောင်ရွက်ပါ။ အင်္ဂါနေ့၊ ကြာသာပတေးနေ့ မွေးသူများထံမှ ထူးခြားသော သတင်းကောင်းများ ရရှိမည်။ အရှေ့တောင် အရပ်သို့ဖြစ်စေ၊ မြောက်အရပ်သို့ဖြစ်စေ၊ ခရီးသွားရန်ပေါ်က ငြင်းပယ်ရန် မသင့်၊ သွားရောက်၍ အကျိုးရှိမည်။ လုပ်ငန်းခွင်မှသူများလည်း ၄င်းအရပ်သို့ ပြောင်းရွှေ့ရမည် ဆိုပါက ချီတုံချတုံမဖြစ်ဘဲ ချက်ချင်း ပြောင်းလိုက်ပါ။ စီးပွားရေးနှင့် ငွေကြေးကိစ္စများတွင် ပုံမှန်ထက်သာသော အောင်မြင်မှုများ ရရှိမည်။

ကံကောင်းသော အရောင် - ရွှေအိုရောင်၊ နို့နှစ်ရောင်၊ နံ့သာရောင်

အကျိုးပေးဂဏန်း - ၂၊ ၆၊ ၅၊ ၁

ယတြာ - စပါးတွဲအား အမြင့်တွင်ချိတ်၍ ကြက်၊ ငှက်တို့ကို အစာကျွေးပါ။ 

ဗုဒ္ဓဟူးနေ့မွေးသူများ

ရသင့်သည်များ ပြန်လည်ရရှိမည်။ တနင်္လာ၊ ကြာသာပတေးနံ ပစ္စည်းများတွင် ကာလအတန်ကြာ မြှုပ်နှံနေသော ငွေများ၊ အကျိုးအမြတ်နှင့် ငွေပြန်ဖော်နိုင်ကိန်း ရှိသည်။ ခြံ၊ မြေ၊ နေရာထိုင်ခင်း ကိစ္စအတွက် စကားပြောဆိုမှု အောင်မြင်မည်။ ငွေရေးကြေးရေး ကိစ္စများ ပြောဆို အောင်မြင်ကိန်းရှိသည်။ ဆောင်ရွက်သမျှ ထွန်းထွန်းပေါက်ပေါက်နှင့် အောင်မြင်ခြင်း၊ တိုးတက်ခြင်း ရှိမည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။ ကိုယ်ပိုင် အစွမ်းအစများ ထက်မြက်မည်။ ရှေ့တိုးပြီး လုပ်ကိုင်သော ကိစ္စများမှ ထင်ရှားသော တက်လမ်းများ ရရှိဖြစ်ပေါ်လာမည်။

ကံကောင်းသော အရောင် - အညိုရောင်၊ အဝါရောင်၊ အစိမ်းရောင်

အကျိုးပေးဂဏန်း - ၁၊ ၃၊ ၆၊ ၉

ယတြာ - သရက်သီးသနပ် အလှူဒါနပြုပါ။ 

ကြာသာပတေးနေ့ မွေးသူများ

ရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်မည်။ အပြိုင်အဆိုင်ကြားမှ တိုးတက်မှုများ ရရှိမည်။ တစ်ကြိမ်တစ်ခါမှ လုပ်ကိုင်ဖူးခြင်းမရှိသော လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်အောင်မြင်မည်။ လူမသိ သူမသိ အပျော်အပါးများ ဆောင်ရွက်ရန် အခွင့်အလမ်း ရရှိမည်။ အပျော်ဘက်သို့ ဦးတည်ရန် အင်္ဂါနေ့၊ သောကြာနေ့ မွေးသူများက တိုက်တွန်းခြင်း၊ ဆွဲဆောင်ခြင်း ပြုလိမ့်မည်။ အထူးသတိပြုပါ။ လမ်းလွဲသွားပါက ပြန်တည့်ရန် ခက်ခဲနိုင်သည်။ စိတ်မြန်လက်မြန်လုပ်ခြင်း၊ တဇွတ်တိုးလုပ်ခြင်း လျှော့ပါ။ တနင်္လာနေ့ မွေးသူများ၊ ဗုဒ္ဓဟူးနေ့ မွေးသူများနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပါ။

ကံကောင်းသော အရောင် - အဝါရောင်၊ အပြာရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၁၊ ၃၊ ၅၊ ၆

ယတြာ - သက်ကြီးရွယ်အိုတို့အား ဆေးဝါးနှင့် ဓာတ်စာများကို လှူဒါန်းပါ။  

သောကြာနေ့ မွေးသူများ

ကာလအတန်ကြာ ပိတ်ဆို့နေသော လမ်းကြောင်းများ ပြန်လည် အကျိုးပေးလာမည်။ ကိုယ်ပိုင် အစွမ်းအစနှင့် ဆောင်ရွက်သောကိစ္စများမှ ထင်ရှားသော အောင်မြင်မှုများကို ရရှိမည်။ ခရီးသွား၍ အကျိုးရှိမည်။ အပြောင်းအလဲများ ဆောင်ရွက်ရန် တိုးတက်မည်။ လူမျိုးကွဲ၊ လူမျိုးခြားနှင့် ဆက်စပ်လုပ်ခြင်း အကျိုးပေးမည်။ အင်္ဂါနံ - ဆီ၊ ဆန်၊ ဆား၊ ဆေး၊ စက် ၊ ကြာသာပတေးနံ - ပဲ၊ မြေ အစရှိသည်တို့တွင် ငွေမြှုပ်နှံပါက ဆုံးရှုံးမည်။ သောကြာနံ (သစ်၊ သံ၊ သွပ်) ၀င်ခြင်းက မသင့်တော်ပါ။ အလုပ်အကြံအစည်များ ဆောင်ရွက်သောအခါ တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့ မွေးသူများနှင့် ညှိနှိုင်းဆောင်ရွက်ပါ။

ကံကောင်းသော အရောင် - အပြာရင့်ရောင်၊ မီးခိုးရောင်၊ နက်ပြာရောင်

အကျိုးပေးဂဏန်း - ၂၊ ၄၊ ရ၊ ၀

ယတြာ - နေအိမ်ရှေ့တွင်ရှိသော ပရိဘောဂများကို အထားအသို ပြင်ဆင်ပါ။

စနေနေ့မွေးသူများ

ကိုယ်မလုပ်သော အလုပ်၊ ကိုယ် လုပ်သယောင်၊ ကိုယ်မပြောသော စကားကိုလည်း ကိုယ်ပြောသယောင်၊ စွပ်စွဲပြောဆို ခံရမည်။ အိမ်တွင်း လူဝင်လူထွက် သတိရှိရမည်။ အတွင်းရန် အနှောင့်အယှက်များနှင့် ထိပ်တိုက်တွေ့ရမည်။ လျှို့ဝှက်အပ်သော စကားများ လူသိရှင်ကြား ပေါက်ကြားတတ်သည်။ စာရွက်စာတမ်း၊ ငွေကြေးကိစ္စများ တာဝန်ယူခြင်း၊ အာမခံခြင်း မပြုသင့်ပါ။ အရေးပါသော စာရွက်စာတမ်းများ ပျောက်ရှတတ်သည်။ ခါးပိုက်နှိုက် ခံရတတ်သည်။ အလုပ်ကိစ္စများတွင် လက်တွေ့ တာဝန် မယူနိုင်သူများနှင့် ကြံုရတတ်သည်။ အခက်အခဲများနှင့် ရင်ဆိုင်ရမည်။ ငွေကြေး အပေးအယူ ကိစ္စများတွင် သတိရှိရမည်။

ကံကောင်းသော အရောင် - အပြာရင့်ရောင်၊ အဝါရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉၊ ရ

ယတြာ - ကြွေပန်းကန်ပြားအတွင်း ပန်းအဖြူ၊ ပန်းအဝါများ ထည့်၍ ဘုရားအား ကပ်လှူပါ။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။