အဂ်လန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်ကတော့ စံချိန်တင်ဝင်ကြေးရရှိခဲ့ပါတယ်။ ယမန်နှစ် ၂၀၁၆-၁၇ ဘောလုံးကာလမှာ ရရှိခဲ့တာပါ။ မန်ချက်စတာယူနိုင်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ၀င်ငွေစာရင်းတွေကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ထို့ကဲ့သို့ ကြေညာခဲ့ရာမှာ စုစုပေါင်း ပေါင် 581.2 သန်းရှိခဲ့တယ်လို့ဖော်ပြသွားခဲ့ပါတယ်။

ဒါဟာ နည်းပြသစ် မော်ရင်ဟိုအတွက် ပထမဆုံးရာသီမှာပဲ ဆုဖလား 3 ခုနဲ့အတူ ဘဏ္ဍာရေးအပိုင်းမှာပဲ အောင်မြင်မှု ကြီးမားစွာ ရရှိခဲ့တယ်လို့ ဆိုရမှာပါ။ မန်ချက်စတာယူနိုက်တက်ဟာ 2015-2016 ရာသီက ဗြိတိန်ကလပ် စံချိန်တင် ၀င်ငွေ ပေါင် 515.3 သန်းရရှိခဲ့တဲ့ စံချိန်ကိုပဲ ပေါင် 581.2 သန်းနဲ့ ထပ်မံ စံချိန်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုင်တက်ကတော့ မနှစ်က ယရိုပါလိဂ်ဖလား၊ ကွန်မြူနတီဒိုင်းနှင့် လိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့တာပါ။

မန်ချက်စတာယူနိင်တက်အသင်းရဲ့ ဒုဥက္ကဌ အက်ဝုဒ်ဝက်ကတော့ " ကျနော်တို့ဟာ 2016-2017 ဘောလုံးရာသီကို ဆုဖလား 3 နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်နိုင်ခဲ့ပါပြီ။ နောက်ထပ် စံချိန်သစ် ၀င်ငွေ ပေါင် 581.2 သန်းလဲ ရခဲ့သလို၊ အသင်းရဲ့ ကစားသမားတွေခေါ်ယူမှုနဲ့ ပတ်သက်ပြီးတော့လဲ ကျေနပ်မိပါတယ်။ နောက်ထပ် စိတ်လှုပ်ရှားစရာကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းဖို့ အသင့်ဖြစ်နေပါပြီဗျာ" လို့ ထုတ်ဖော်ပြောဆိိုသွားခဲ့ပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။