အစ္စရေးနိုင်ငံမှ ၀ယ်ယူထားတဲ့ Super Dvora Mk III- class အမြန်သွားကင်းလှည့်ရေယာဉ် ဟာ ခေတ်အမှီဆုံး နောက်ဆုံးပေါ်ကင်းလှည့်ရေယာဉ်လည်းဖြစ်ပါတယ်။ ဂျက်အင်ဂျင်ပါ၀ါ အသုံးပြု အမြန်သွားကင်းလှည့်ရေယာဉ် အမျိုးအစားဖြစ်ပြီး၊ အလူမီနီီယံကိုယ်ထည်ကို အသုံးပြုတည်ဆောက်ထားတာကြောင့် ပင်လယ်ပြင်မှာ တည်ငြိမ်စွာ စစ်ကစားနိုင်မှာပါ။ ကင်းလှည့်စစ်ဆင်ရေး အတွက်ရော၊ တိုက်ခိုက်ရေး စစ်ဆင်ရေးအတွက်ပါ အသုံးဝင်ပါတယ်။

၂၀၁၅ ခုနှစ် အတွင်း က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ရဲ့ အစ္စရေးနိုင်ငံ ခရီးစဉ် အတွင်း Super Dvora Mk III- class အမြန်သွားကင်းလှည့်ရေယာဉ် ခြောက်စီးဝယ်ယူဖို့ သဘောတူညီခဲ့ပါတယ်။ ယခု အခါ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီ တပ်တော်ဝင်လာဖို့မျှော်လင့်ရပါတယ်။ မြန်မာ့ရေပိုင်နက် ကို ပြည်ပရန်ရော၊ ခိုးဝင်ဘင်္ဂါလီများရန်မှပါ ပိုမိုကာကွယ် စောင့်ရှောက်နို်င်တော့မှာလဲဖြစ်ပါတယ်။

Dvora family ထဲမှ နောက်ဆုံးမျိုးဆက် အမြန်သွားကင်းလှည့်ရေယာဉ်ဖြစ်ပြီး အစ္စရေးနိုင်ငံ IAI Ramta မှ ၂၀၀၄ ခုနှစ်ကနေစပြီးထုတ်လုပ်ခဲ့တာပါ။ ဒီရေယာဉ်တွေဟာ တစ်နာရီကိုရေမိုင် ၅၀ သွားနိုင်ပြီး လက်နက်စနစ်တွေ အနေနဲ့ အလိုအလျောက် လက်ပစ်ဗုံးပစ်လွှတ်တဲ့ စနစ်၊ AGM – 114 Hellfire မစ်ဇိုင်းများ၊ SPIKE NLOS မစ်ဇိုင်း နဲ့ ၃၀မမ အမြောက် တို့ပါ၀င်ပါတယ်။

Source: Myanmar Navy Page , Defence Blog, Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။