မြန်မာနေရှင်နယ်လိဂ်ရဲ့အပြင်းထန်ဆုံးစီးချင်းတိုက်ပွဲ


မနက်ဖြန်ညနေ3:30မှာလက်ရှိကျင်းပနေဆဲမြန်မာနေရှင်နယ်လိဂ်ရဲဲ ့ပြိုင်ဆိုင် မှုအပြင်းထန်ဆုံးဖြစ်လာမယ့်ပွဲတစ်ခု

တောင်ကြီးကွင်းမှာကျင်းပသွားမှာပါ။ရန်ကုန်မြေပြန့်

သားတွေနဲ့တောင်ပေါ်ကမ္ဘောဇတိုင်းသားတို့ရဲ့ပွဲဟာ

အမှတ်ပေးပြိုင်ပွဲဆိုပေမယ့်ချန်ပီယံလုပွဲတစ်ခုလိုဖြစ်လာမှာပါ။

နေရှင်နယ်လိဂ်ပြီးဆုံးဖို့သိပ်မလိုတော့ချိန်မှာရှမ်းဟာ

ထိပ်ဆုံးမှာရှိနေပြီးရန်ကုန်ကတော့ရှမ်းရဲ့အောက်နှစ်မှတ်အကွာမှာရပ်တည်နေပါတယ်။

ပထမအကျော့တွေ့ဆုံမှုမှာတော့ရန်ကုန်ကကျော်ကိုကို

ရဲ့သွင်းဂိုးနဲ့အနိုင်ရထားပြီး ဒီတစ်ကြိမ်တောင်ပေါ်သားတို့ရဲ့မြေ

မှာရော။ရန်ကုန်ရဲ့အသက်ဟာကွင်းလယ်ကအီမာဆင်နဲ့

ဒေးဗစ်ဒန်းပါ။ရှမ်းအသင်းရဲ့အားသာချက်ကလည်းတင်ဝင်းအောင်၊ရန်နိုင်ဦး၊

မက်ဆီမင်တို့ရဲ့ကွင်းလယ်ပါပဲ။ဒါကြောင့်မနက်ဖြန်ပွဲမှာ

ုပြင်းထန်တဲ့ကွင်းလယ်အားပြိုင်မှုတွေကိုတွေ့မြင်ကြရမှာပါ။

ရန်ကုန်ရှေ့တန်းမှာကျော်ကိုကို၊ဆီဆာရှိပြီး

ကျော်ကိုကိုရုန်းအားတိုးအားနဲ့ကစားတတ်သူ

ဖြစ်ပြီးဆီဆာကတော့အဆုံးသတ်ကောင်းမွန်သူပါ။


ရှမ်းအသင်းတိုက်စစ်မှာတော့ခရစ္စတိုဖာနဲ့

ဒွေးကိုကိုချစ်ပွဲထွက်လာဖို့ရှိပြီးသူတို့နှစိယောက်ကလည်း

တောက်လျှောက်ခြေစွမ်းပြနေပါတယ်။ဂိုးသမားနေရာမှာ

ရန်ကုန်အသင်းကတော့ဆန်းဆက်နိုင်ပွဲထွက်လာဖို့ရှိပါတယ်။

သူကတော့ရှမ်းဂိုးသမားသီဟစည်သူထက်စာရင်အတွေ့အကြုံ

အားနည်းပါတယ်။နောက်တန်းနေရာတွေကတော့အင်အားအတူတူလောက်လို့

ပြောလို့ပါတယ်။ရန်ကုန်အသင်းနောက်တန်းမှာ

ခင်မောင်လွင်၊ဇော်မင်းထွန်း၊နန်းဝေမင်းစတဲ့လူကြီးလူငယ်ပေါင်းစပ်ထားသလိို

ရှမ်းဘက်မှာလည်းဝင်းမင်းထွတ်၊ထိုက်ထိုက်အောင်၊

ဟိန်းသီဟဇော်တို့ပါဝင်နေတာမို့အင်အားမျှတယ်လို့ယူဆကြည့်လို့ရပါတယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။