မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်ဂ်ဂူးပွဲစဉ်မှာ အိမ်ရှင်လိုင်လီအသင်းကို မိုနာကိုအသင်းက ၄ ဂိုး ၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိကာ အနိုင်၃ မှတ်ကို ယူဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိရာသီမှာ ဥရောပဂိုးသွင်းအများဆုံး ဖယ်ကာအို ကတော့ ဂိုးသွင်းခြေ တွေ့နေပြီး ဂိုးတွေဆက်တိုက်သွင်းယူနေတာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းဟာ တစ်ပွဲပိုကန်ထားပြီး PSG အသင်းနဲ့ အမှတ်တူ အဆင့် ၂ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ 

လိုင်လီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပီပီ၊ မိုင်ရာ၊ ဂတ်ဆီ၊ ဘန်ဆီရာ၊ အရူဂျို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဖယ်ကာအို၊ ယိုဗီတစ်၊ ဖာဘင်ဟို၊ မော်တင်ဟို၊ လိုပတ်၊ ဂတ်ဇတ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လိုင်လီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ မိုနာကိုအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ မိုနာကို အသင်းက ရရှိလာတဲ့ အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာကြောင့် ခုလို နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။

မိုနာကိုအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၂၄ မိနစ်မှာ ယိုဗီတစ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၃၀မှာတော့ ဂတ်ဇတ်က မိုနာကိုအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ မိုနာကို အသင်းက ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၄၉ မိနစ်မှာတော့ ဖယ်ကာအိုက တတိယဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးဂိုးကိုလည်း ဖယ်ကာအိုက ပယ်နယ်တီကတဆင့် ၇၄ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။