အနုပညာလောကနဲ့မျက်ခြေပြတ်နေတဲ့ မင်းသမီးချော နဝရတ် ဟာ Art&T8 အမည်ရ အလှပြင်ဆိုင်ပိုင်ရှင်တစ်ဦးဆိုတာ အားလုံးလည်းသိနေကြမှာပါ။

ယနေ့ကတော့ သူမရဲ့ Beauty Saloon ဆိုင်ဖွင့်ခဲ့တဲ့ (၁၀)နှစ်ပြည့်အထိမ်းအမှတ်နေ့လေးဖြစ်ကြောင်း လူမှုကွန်ရက်အကောင့်ကနေ ဓာတ်ပုံလေးတွေမျှဝေထားပါတယ်။

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် နဝရတ် ဟာ သူမပါ၀င်တဲ့ဇာတ်ကားတိုင်းကို စိတ်နှစ်ပြီး သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

ပွင့်လင်းသွက်လက်တဲ့ သူမရဲ့ အပြောအဆိုနဲ့ စတိုင်ကျလှပစွာနေတတ်သူလေးမို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

မြန်မာပြည်မှာ သူမ ဦးစီးဖွင့်လှစ်ထားတဲ့ အလှပြင်ဆိုင်ပေါင်း(၁၆)ဆိုင် ရှိပြီး အောင်မြင်စွာရပ်တည်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး အခုလို ကျေးဇူးတင်တဲ့အကြောင်း ရေးသားထားပါတယ်။

""Art&T8 ရဲ ့၁၀နှစ်ပြည့် အထိန်းအမှတ်လေးပါ လို့ ... ????‍♂️?‍♂️

?????❤️?????

မြန်မာပြည်အနှံ ့အပြားမှာဆိုင်ခွဲပေါင်း၁၆ ဆိုင်ထိဖွင့်နိုင်ခဲ့ပြီးအခုလိုအောင်မြင်စွာရပ်တည်နိုင်ခဲ့ရတာဟာT8 ရဲ့ကျေးဇူးရှင်members များနှင့်နဝရတ်ရဲ့ကျေးဇူးရှင်ချစ်ပရိတ်သတ်များအားလုံးရဲ့ကျေးဇူးကြောင့်ပါလို ့..✍️

ပရိတ်သတ်အတွက်နဝရတ်?"" ဆိုပြီး ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း နဝရတ်ကတော့ ပြောထားပါတယ်။

စီးပွားရေးဘက်မှာလည်း ဒီထ့က်မကအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါဥိေးန်ာ။

Source : Nawaratt fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။