ပြုံယမ်း က အမေရိကန်လေယာဉ်တွေ နဲ့ လေယာဉ်တင်သင်္ဘော တစ်စင်းကို တိုက်ခိုက်တဲ့ ၀ါဒဖြန့် ဗီဒီယို ကို ထုတ်လွှင့်ခဲ့ပြီးနောက် အမေရိကန် နဲ့ မြောက်ကိုရီးယား ကြားတင်းမာမှု ဟာ တနင်္ဂနွေနေ့မှာ အမြင့်ဆုံးဖြစ်လျက်ရှိပါတယ်။ ဒီ ၀ါဒဖြန့် ဗီဒီယိုဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျံုအန်းကို သမ္မတ ထရန့် က ဒုံးကျည်လူသားလေး အဖြစ် လှောင်ပြောင်ခေါ်ဝေါ်ပြီး ကုလသမဂ္ဂ မှာလည်း မြောက်ကိုရီးယားကို အလုံးစုံဖျက်ဆီးပစ်မယ် လို့ ကြွေးကြော်အပြီး ထွက်ပေါ်လာတာပါ။

အမေရိကန် အနေနဲ့ စစ်ရေးအရအရေးယူခြင်းနည်းလမ်းကို မစဉ်းစားမီ စီးပွားရေးပိတ်ဆို့မှုများ၊ သံတမန်ရေးနည်းလမ်းများ စသည်ဖြင့် မြောက်ကိုရီးယား ရဲ့ နျူးကလီးယား နဲ့ ဒုံးကျည်အစီအစဉ်ကို ရပ်တန့်စေမယ့် နည်းလမ်းမျိုးစုံကို ကြိုးပမ်းနေပါတယ်။ ပြံုယမ်းမှာ တော့ စစ်ဖြစ်နိုင်တဲ့ အခြေအနေကိုမှန်းဆနေကြပါတယ်။ မြောက်ကိုရီးယား အစိုးရပိုင် ၀ါဒဖြန့်ချိရေး ၀က်ဆိုဒ်ဖြစ်တဲ့ DPRK Today ကတော့ ဖိုတိုရှော့ လုပ်ထားတဲ့ ဓာတ်ပုံတွေမှာ အမေရိကန်ရဲ့ B-1B ဗုံးကြဲလေယာဉ််တွေကို ဒုံးကျည်နဲ့ တိုက်ရိုက်ပစ်ခတ်တဲ့ ပုံတွေ၊ F-35 တိုက်လေယာဉ်ကို ပစ်ခတ်တဲ့ပုံတွေ ပါ၀င်ပါတယ်။

နောက်ထပ် ဗီဒီယို တစ်ခုမှာတော့ အမေရိကန် ရဲ့ လေယာဉ်တင် သင်္ဘော USS Carl Vinson ကို မြောက်ကိုရီးယား ရေငုပ်သင်္ဘော မှနေပြီး ဒုံးပျံနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ပုံတွေပါ၀င်ပါတယ်။ စနေနေ့မှာတော့ မြောက်ကိုရီးယား လူထုစည်းဝေးပွဲ ကို ကင်အီဆွန်းရင်ပြင်မှာ ကျင်းပခဲ့ပြီး လူထုထောင်ပေါင်းများစွာ တက်ရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရကိုထောက်ခံတဲ့ကြွေးကြော်သံတွေလည်း ကြွေးကြော်ခဲ့ပါတယ်။

Source: The Washington Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။