စတီဗင်ယွန်းနဲ့ ယူအာအင်တို့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အောင်မြေင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသားနှစ်လက်ဖြစ်ပြီး စတီဗင်ယွန်းကတော့ ဝါရင့် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ စတီဗင်ယွန်းနဲ့ ယူအာအင်တို့ဟာ မကြာခင်ထုတ်လွှင့်ပြသမယ့် ဒရမ်မာရုပ်ရှင်ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ “Burning” အမည်ရ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

“Burning” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Lee Chang Dong က ရိုက်ကူးမှာ ဖြစ်ပြီး Jong Soo, Ben နဲ့ Hye Mi တို့ ဇာတ်ကောင်သုံးဦး ပါဝင်တဲ့ ဆန်းကြယ်တဲ့ ကိစ္စတစ်ခု အပေါ်မှာ အခြေခံရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။ မင်းသား စတီဗင်ယွန်း ဟာ ဘန်ဆိုတဲ့ ဇာတ်ရုပ်နေရာကနေ သရုပ်ဆောင်မှာ ဖြစ်ပြီး မင်းသား ယူအာအင်းကတော့ ဂျောင်ဆူ ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဟယ်မီ နေရာမှာ မင်းသမီး Jeon Jong Seo က သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

စတီဗင်ယွန်းဟာ ဒါရိုက်တာ Lee Chang Dong နဲ့ အတူ လက်တွဲလုပ်ကိုင်ချင်တယ်လို့ မကြာခင်က ပြုလုပ်ကျင်းပခဲ့တဲံ interview တွေမှာ တော်တော်များများ ဖြေခဲ့ဖူးပါတယ်။ ဒါရိုက်တာ Lee Chang Dong ဟာ စတီဗင်ယွန်း ပါဝင်သရုပ်ဆောင်မယ့် ကိစ္စနဲပ ပတ်သက်ပြီး အခုလို ပြောကြားထားပါတယ်။ “စတီဗင်ယွန်းဟာ ဘန် ဇာတ်ရုပ်အတွက် အသင့်တော်ဆုံး ထူးခြားတဲ့ ဆွဲဆောင်မှုကို ပိုင်ဆိုင်ပါတယ်” လို့ ပြောကြားထားပါတယ်။ ထို “Burning” ရုပ်ရှင်ကို (၂၀၁၈)ခုနှစ် နှစ်ဝက်လောက်မျာ ပြသနိုင်ဖို့ စီစဉ်ထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာ(၁၁)ရက်နေ့မှာ ရိုက်ကူးပြီဖြစ်တယ်လို့ သိရပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။