သရုပ်ဆောင်ဇင်ဝိုင်းကတော့ ခန့်စည်သူအတွက် အရမ်းကောင်းတဲ့ကဗျာလေးတစ်ပုဒ်ကို ရေးသားလိုက်ပါတယ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဠနေရာကို စက်တင်ဘာလ (၂၃)ရက်နေ့ (၂၄)ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။အမှုဆောင်နေရာကိုလည်း သရုပ်ဆောင်ပိုင်းမှတော်တော်များများဝင်ရောက်အရွေးခံကြပါတယ်။

၀င်ရောက်အရွေးခံတဲ့သူတွေထဲမှာတော့ သရုပ်ဆောင်ခန့်စည်သူနဲ့ ဇင်ဝိုင်းဟာမဲ့အများဆုံးဖြစ်နေခဲ့ပါတယ်။ထိုသူနှစ်ယောက်ထဲက ဥက္ကဌနေရာနဲ့ ဒုဥက္ကဠနေရာကို ရွေးချယ်ခံရမှဖြစ်ပါတယ်။တော်တော်များများကတော့ သရုပ်ဆောင်ခန့်စည်သူကိုရရှိစေချင်ကြပါတယ်။အနုပညာရှင်အသိုင်းအဝိုင်းကရော၊ပရိသတ်ကပါ ရစေချင်နေတာကို လူမှုကွန်ယက်မှာတွေ့ရပါတယ်။ဘယ်သူပဲရရ ဇင်ဝိုင်းရဲ့စာလေးကတော့ ကြည်နူးစရာမေတ္တာလေးကိုတွေ့ရပါတယ်။ကဗျာလေးကိုတင်ပြလိုက်ပါတယ်။

“အဆန်ခရီးကို

တို့အတူလှော်ကြမယ်သားရေ

လောကသားတွေက

တို့နှစ်ယောက်ကိုတာဝန်ခွဲပေးတော့မယ်

မင်းကိုလှေဦးမှာထိုင်စေယင် ဦးဌေး

အကောင်းဆုံးပဲ့ကိုင်ယင်း

လိုက်ခဲ့မယ်

မင်းပဲ့ကိုင်ယင် ဦးဌေးလှေဦးမှာထိုင်ယင်း

တာဝန်ကျေစေ့မယ်သား

တို့ကိုပေးမှာ

ရာထူးမဟုတ်ဘူး

နေရာမဟုတ်ဘူး

ထိုင်ခုံမဟုတ်ဘူး

တာဝန်ပါသား

လှိုင်းတွေထန်လိမ့်မယ်

မုန်တိုင်းကပြင်းလိမ့်မယ်

ကျောက်ဆောင်ထူပြောတဲ့ခရီးမှာ

ပန်းတိုင်ကမနီးဘူးသား

ကဲငါ့သားအသင့်

ခတ်ကွင်းပြင်ကြစို့

ညီညွတ်မှုလက်တွေနဲ့

စည်းလုံးမှုခွန်အားတွေနဲ့

ချစ်ခြင်းတရားတွေနဲ့

အဆန်ခရီးကြမ်းကို

တို့သားအဖမိသားစုတွေအတူလှော်ကြစို့ရဲ့” 

သတင်းအရင်းအမြစ် - Ko zaw zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။