ငယ်စဉ်ကတည်းက ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ ကလေးသရုပ်ဆောင် ယွန်းယွန်းကတော့ ဆယ်ကျော်သက် အရွယ်ကို ရောက်ရှိလို့လာပါပြီ။ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အနုပညာလှုပ်ရှားမှုလေးတွေ လုပ်ကိုင်နေပြီး တက္ကသိုလ် ပထမနှစ်ကိုလည်း ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်နေတယ်လို့ သိရပါတယ်။

လတ်တလောလူမှုကွန်ယက်ပေါ်မှာ ပရိသတ်စိတ်ဝင်စားခံနေရတဲ့ သူမရဲ့ အချစ်ရေးကိစ္စနဲ့ ပတ်သတ်ပြီးလည်း သူမကိုယ်တိုင် သူမရဲ့ အကောင့်မှ ရှင်းလင်းဖြေကြားထားပါတယ်။ ယခုတစ်ခါမှာလည်း မျက်နှာ V shape ဖြစ်နေတဲ့ ဓာတ်ပုံနဲ့ပတ်သတ်ပြီး သူမကတော့ ယခုလို ဖြေကြားထားတာတွေ့ရပါတယ်။ 

အခုကတော့ ညီမအရွယ်နဲ့လိုက်မယ့် အနုပညာလှုပ်ရှားမှုလေးတွေ လုပ်ဖြစ်တယ်။ ညီမ ဆယ်တန်းတုန်းကကျ လှုပ်ရှားမှုမရှိဘူး အိမ်မှာပဲစားတယ် စာကျက်တယ်ဆိုတော့ လူကအရမ်းလှုပ်ရှားမှုမရှိဘဲ ဝသွားတာပေါ့နော်။ အခုကျ ဆယ်တန်းပြီးသွားတော့ အပြင်မှာသင်တန်းတွေကော ကျောင်းကောဆိုတော့ လှုပ်လှုပ်ရှားရှားပြန်ဖြစ်ပြီး ကိုယ်ရည်ပြန်ဆစ် သွားတဲ့သဘောပါပဲ။ Gym ကတော့ မဆော့ဖြစ်ပါဘူး။ ညီမမျက်နှာ V shape ဖြစ်သွားတာက ကင်မရာမန်းက ယူလိုက်တဲ့ angle ကြောင့်ပါ။ တချို့ကျတော့ "ကလေးသရုပ်ဆောင် ယွန်းယွန်းလည်း အချိန်တန်တော့ ပြင်တာပဲ" လို့ ပြောကြတာပေါ့နော်။ အမှန်တကယ်ဆော့ ညီမ ဘာမှ မပြင်ထားပါဘူး" ဆိုပြီး ယွန်းယွန်းက Myanmar Celebrities သို့ ဖြေဆိုထားပါတယ်။

Source: Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။