ယခုလတ်တလော လူမှုကွန်ယက်ပေါ်မှာ ပရိသတ်အချစ်တော် မင်းသမီးလေး နန်းမြတ်ဖြိုးသင်း လက်ထပ်တော့မယ့် ကိစ္စဟာ ပရိသတ်တွေကြား နာမည်ကြီး ရေပန်းစားလို့နေပါတယ်။ ချစ်သူသက်တမ်းကိုးနှစ်ကြာပြီဖြစ်တဲ့ သူမတို့စုံတွဲက မင်္ဂလာသုံးပွဲကျင်းပသွားမယ်လို့ သိရပြီး ယခုလို အချိန်အတော်ကြာ ခိုင်မြဲခဲ့တဲ့ သူမတို့စုံတွဲကိုတော့ ပရိသတ်တွေက ချီးကျူးအားကျလို့နေပါတယ်။ 

သူငယ်ချင်းဖြစ်သူ နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီး မင်းသမီး သွန်းဆက်ကတော့ အားကျမိတယ်ဆိုပြီး နန်းမြတ်ရဲ့ interview လေးကို သူမရဲ့ အကောင့်ကနေ share ပြီး ယခုလိုဆိုထားပါတယ်။

"ချစ်ရေ Big Congrats ???? ပါကွာ ????? အားကျတယ်ချစ်ရေ... သယ်ရင်းတွေတယောက်ပီးတယောက်စွံကြတယ်ကွာ ???မမကြီးကို ကျော်တက်သွားပီနော် NannYi YiMon"ဆိုပြီး နန်းမြတ်ရဲ့ အမကိုတောင် အရွှန်းဖောက်ထားပါသေးတယ်။

လက်ရှိမှာတော့ နန်းမြတ်ရဲ့ချစ်သူကို ပရိသတ်တွေက ဘယ်သူဘယ်ဝါဆိုတာ စိတ်ဝင်စားနေကြပါတယ်။ သူငယ်ချင်းကို အားကျမိပါတယ်ဆိုတဲ့ သွန်းဆက်ကတော့ လက်ရှိမှာတော့ သီလရှင်ဝတ်နေပါတယ် ပရိသတ်ကြီးရေ........

Source: Thun Sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။