အနုပညာလောကရဲ့ ဝါရင့် ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီ ခင်ဇာခြည်ကျော်ကတော့ သူမရဲ့ သားဖြစ်သူ ဘုန်းမင်းနေလနဲ့ ပတ်သတ်ပြီး ရုပ်ရှင်ရိုက်ကူးဖို့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၆ နှစ်အရွယ် ဘုန်းမင်းနေလဟာ ပရိသတ်တွေအကြား နာမည်ကြီးနေပြီး မိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံခံနေရသူတစ်လည်းဖြစ်ပါတယ်။ မကြာခင် ဆယ်တန်းဖြေတော့မယ့် သားအတွက်ကမ်းလှမ်းလာတဲ့ ရုပ်ရှင်ဇာတ်ကားကို ငြင်းဖြစ်ခဲ့ပုံနဲ့ ပတ်သတ်ပြီး သူမက Myanmar Celebrities မှာ ယခုလိုဖြေဆိုထားပါတယ်။

"သားကို ရုပ်ရှင်ကားကြီး ခေါင်းဆောင်အနေနဲ့ ရိုက်ကူးချင်ပါတယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ သင်ရမယ့် သင်တန်းတွေ အဝတ်အစားတွေကအစ သူတို့ပဲ အစအဆုံး တာဝန်ယူမယ်ပြောတယ်။ ဘုန်းမင်းကလည်း ရိုက်ချင်တယ်။ အစကတော့ အမကလည်း ခွင့်ပြုတယ်။ ကားရိုက်က တစ်လလောက်ဆိုရင်တော့ ရိုက်ပေးမလို့ပဲ။ ဒါပေမဲ့ သူတို့က သေသေချာချာ သုံးလလောက်ရိုက်ချင်တယ်ဆိုတော့ ဘုန်းမင်းစာမေးပွဲဖြေမယ့် အချိန်နဲ့ကွက်တိကြီးဖြစ်နေတယ်။ အဲ့တာနဲ့ သူ့ပညာရေး ထိခိုက်မှာစိုးလို့ ငြင်းခဲ့တာပါ" လို့ ခင်ဇာခြည်ကျော်က ပြောကြားခဲ့ပါတယ်။ 

သူမအနေနဲ့ သားအတွက် ပီတိဖြစ်မိပြီး ပညာရေးဆုံးခန်းတိုင်မှ အနုပညာကို လုပ်စေချင်ကြောင်း မိဘတစ်ယောက်ရဲ့ ခံစားချက်ကိုလည်းပြောပြခဲ့ပါတယ်။ ထို့ပြင် သားဖြစ်သူ ဘုန်းမင်း နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် ကိစ္စကိုလည်းပြောပြခဲ့ပါတယ် ပရိသတ်ကြီးရေ....

Source: Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။