ယခုတစ်ခါမှာတော့ Myanmarload ပရိသတ်ကြီးအတွက် တွဲပြီးမှ ပြတ်ဆဲသွားကြတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးပါမယ်။ အနုပညာလောကမှာ အချိန်အတော်ကြာ တွဲပြီး လက်ထပ်သွားကြတဲ့ မင်းသား မင်းသမီး အဆိုတော်တွေ ရှိသလို တွဲပြီးမှ ပြတ်ဆဲသွားကြတဲ့ အနုပညာရှင်တွေလည်း ရှိကြပါတယ်။

ပထမဆုံးအနေနဲ့ ပရိသတ်တွေ အားကျခဲ့ရတဲ့ အတွဲတစ်တွဲဖြစ်ခဲ့ဖူးတဲ့ Bunny နဲ့ ဟာနာ တို့အတွဲပဲဖြစ်ပါတယ်။ ကာလအတော်ကြာ ပရိသတ်တွေရှေ့မှာ အားကျစရာအတွဲတစ်တွဲဖြစ်ခဲ့ပေမယ့် လူမှုရေး အကြောင်းအမျိုးမျိုးကြောင့် ပြတ်ဆဲခဲ့ကြပါတယ်။

နောက်တစ်တွဲကတော့ အဆိုတော် ရဲရင့်အောင် နဲ့ သင်ဇာနွယ်ဝင်းတို့ စုံတွဲဖြစ်ပါတယ်။ နှစ်အတော်ကြာ ပရိသတ်တွေကို အသိပေးတွဲခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာတော့ တရားဝင် ပြတ်ဆဲခဲ့ကြပါတယ်။ လက်ရှိမှာတော့ ကိုယ်စိသက်ဆိုင်သူတွေ ရှိနေကြပြီဖြစ်ပါတယ်။ 

နာမည်ကြီး အဆိုတော် ပိုပိုနဲ့ စိုးကြီးတို့ အတွဲဟာလည်း အတိအလင်းတွဲခဲ့ကြပြီး ပြတ်ဆဲခဲ့ကြတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ နာမည်ကြီး မော်ဒယ်လ် အောင်လေးနဲ့ ခိုင်သဇင်ငုဝါတို့ဟာလည်းဂပြတ်ဆဲခဲ့ကြတဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။

နောက်ဆုံးတစ်တွဲကတော့ ပရိသတ်တွေကြားမှာ အလွန်နာမည်ကြီးရေပန်းစားတဲ့ စုံတွဲတစ်တွဲဖြစ်တဲ့ မင်းသား အောင်ရဲလင်းနဲ့ Blogger နေခြည်ဦးတို့ စုံတွဲဖြစ်ပါတယ်။ အချိန်ကာလ နှစ်နှစ်ကျော်ကြာတွဲခဲ့ကြတာဖြစ်ပြီး သဘောထားမတိုက်ဆိုင်မှုတွေကြောင့် တလောကမှ တရားဝင်ပြတ်ဆဲခဲ့ကြတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ....

Photo Suource: Celebrities' Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။