T-ara လို့ပြောလိုက်တာနဲ့ ချစ်စရာ အဖွဲ့ဝင်တွေ အပြင် အလန်းစားကကွက်တွေကို ပရိသတ်တွေ ပြေးမြင်ကြမှာပါ။ T-ara အဖွဲ့ကို ၂၀၀၉ ခုနှစ်မှာ MBK Entertainment မှစတင်ဖွဲ့စည်းခဲ့ပါတယ်။ ပါ၀င်တဲ့ အဖွဲ့ဝင်တွေကတော့ Boram, Qri, Soyeon, Eunjung, Hyomin နဲ့ Jiyeon တို့ဖြစ်ပါတယ်။

T-ara အဖွဲ့ဟာ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ဘေဂျင်း၊ ကွမ်ကျိုး၊ တိုင်ပေ စတဲ့ နိုင်ငံရပ်ခြားဖျော်ဖြေမှု တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ သူတို့ အဖွဲ့ရဲ့ အောင်မြင်ကျော်ကြား တဲ့ အယ်လ်ဘမ်တွေကတော့ “Gossip Girls”, “Jewelry Box”, “Day by Day” စသည်တို့ဖြစ်ပါတယ်။

ပရိသတ်တွေ ကတော့ သူတို့ရဲ့ ချစ်စဖွယ် ဟန်ပန် အမူအရာ၊ အလန်းစား ကကွက်တွေကြောင့် သဲသဲလှုပ်ပါပဲ။ သူတို့ရဲ့ ရှိုးပွဲ တိုင်းမှာ ပရိသတ်တွေ ကတော့ အရူးအမူးအားပေးကြတာကိုတွေ့ရပါတယ်။ T-ara ဟာ K-pop industry မှာ အောင်မြင်ကျော်ကြားတဲ့ အဖွဲ့အဖြစ်နဲ့ရပ်တည်နေပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။