မင်းသွေးတော့ သူရဲ့ရင်းတွင်းခံစားချက်လေးတွေကို ကိုတော့ ထုတ်ဖော်လိုက်ပါပြီ။မင်းသွေးဟာ သူ့ဖေ့ဘုတ်မှာ ဓာတ်ပုံလေးတစ်ပုံနဲ့အတူ ဒီစာကိုတင်ထားခဲ့တာပါ။လူတိုင်းတော့ အပြစ်မကင်းနိုင်ဘူးဆိုပြီးတော့ရေးထားပြီး သူကိုယ်တိုင်လဲလူထဲကလူပါပဲဆိုပြီး ပြန်လည်ပြောပြထားပါတယ်။သူရဲ့ဖေ့ဘုတ်မှာတော့ခံစားချက်လေးတွေကိုအခုလိုပဲတင်ထားခဲ့ပါတယ်

“လူဆိုတာ လိုအပ်ချက်တွေ၊အမှားတွေရှိကြမှာပါပဲ

ခြောက်ပစ်ကင်းသဲလဲစင် စင်းလုံးချောမှ မဖြစ်နိုင်တာ

ကျွန်တော်လည်း လူထဲက လူပါပဲ ✌?

ဒါကြောင့်

အမှားလေးတွေကို အမှန်ပြင်ရင်း

ပရိတ်သတ်ဝေဖန်မှု့တွေနဲ့အတူ

အနုပညာအလုပ်တွေကို

ကောင်းသထက် ကောင်းအောင်

ခံစားတင်ဆက် ပါအုံးမယ်ဗျာ” ဆိုပြီးရေးတင်ထားခဲ့တာပါ။

သရုပ်ဆောင်မင်းသွေးဟာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ပရိသတ်များစွာကလည်း သူကိုအားပေးကြပါတယ်။သူကတော့ ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့အတူအနုပညာအလုပ်တွေကို ဒီထက်ကောင်းအောင်ကြိုးစာသွားပါမယ်လို့ ရေးသားထားခဲ့ပါတယ်။ 

သတင်းအရင်းအမြစ် - မင်းသွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။