လူသားစားတယ် ဆိုတာ ဟိုယခင်ကတည်းက ရှိခဲ့တာပါ။ ဇာတ်နိပါတ်တွေထဲမှာလည်း လူသားစားတဲ့ အကြောင်းအရာအချိုပပါ၀င်ပါတယ်။ ရှေးယခင်ကလည်း လူအချင်းချင်း သတ်ဖြတ်စားသုံးမှုတွေရှိခဲ့တာပါ။ လူသားက ချိုမြိန်တယ်လို့ အချို့က ဆိုပါတယ်။

သို့သော် ဇာတ်တူသားစားတယ်ဆိုတာ မကောင်းပါဘူး ယခုလည်း လူသားစားတဲ့ မိသားစုအကြောင်းကို တင်ပြပေးသွားမှာပါ။ အဆိုပါ မိသားစုကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။ ယခုဖြစ်ရပ်က ရှရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။

ရှရှားနိုင်ငံ ကရာစ်နာဒေါ ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ သူတို့ကတော့ လင်မယား၂ယောက်ဖြစ်ပြီး အမျိုးသားက ဘတ်ရှီဟုခေါ်ကာ အသက်က ၃၅နှစ်ရှိပါပြီ။ သူက ၁၉၉၉ ကတည်းက လူသားတွေစားခဲ့တယ်လို့သိရှိရပါတယ်။ သူတို့၏အိမ်မှာ လူသားအစိတ်အပိုင်းတွေကို ရေခဲသေတ္တာထဲမှာ ထားရှိထားတာကို တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူတို့အနေဖြင့် လူပေါင်း၃၀ကျော် သတ်ဖြတ်ခဲ့တယ်လို့ ယူဆကာ အမှုစစ်ဆေးလျက်ရှိပါတယ်။

Hein (Mg Lu Aye)

Source – Daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။