အနုပညာလောကမှာ နာမည်ကောင်းတစ်ခုနဲ့ ထိပ်တန်းခေါင်းဆောင် မင်းသမီးနေရာကိုထိန်းထားနိုင်တဲ့ မင်းသမီးတွေထဲမှာ ထပ်ဆင့် အကယ်ဒမီ ခိုင်သင်းကြည် လည်းတစ်ဦးပါဝင်ပါတယ်။ ပရိသတ်တွေနဲ့သာမက အနုပညာရှင်အချင်းချင်းထဲမှာပါ လူချစ်လူခင်ပေါလှတဲ့ မခိုင်လေးရဲ့ သမီးလေး စံထိပ်ထားကတော့ အနုပညာလှုပ်ရှားမှုလေးတွေ စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

ယခု Bella Cosmetics ကထုတ်လုပ်တဲ့ ထုတ်ကုန်ပသစ်တွေကို ကြော်ငြာရာမှာ ထိပ်ထိပ်လေးလည်း ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ စီနီယာဝါရင့်တွေဖြစ်တဲ့ ကစ်ကစ် ခင်ဝင့်ဝါ အဆိုတော် ပန်းရောင်ချယ် သရုပ်ဆောင် မေတိုးခိုင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မေမေခိုင်သင်းကြည်ကတော့ ဒီရိုက်ကွင်းက သမီးလေးဓာတ်ပုံလေးတွေကို သူမရဲ့ facebook ကနေတင်ရင်း သမီးလေးကို ယခုလိုချစ်ဖွယ်စကားလေးဆိုထားတာ တွေ့ရပါတယ်။ 

"ဘယ်သူတွေမလှဘူးပြောပြောမေမေ့မျက်လုံးထဲမှာတော့သမီးလေးထိပ်ကအချိန်တိုင်းလှ❤️❤️❤️

" Hearty Heart Cosmetic ကြော်ငြာ"

ဆိုပြီးရေးသားထားပါတယ်။ ဒီဓာတ်ပုံအောက်မှာတော့ ကြော်ငြာအတူရိုက်ကူးခဲ့တဲ့ ခင်ဝင့်ဝါက "ဟယ် မဟုတ်တာ ထိပ်လေး က လှပြီးချစ်ဖို့အရမ်းကောင်းတာကို မခိုင်လေးရယ် ??" လို့ ရေးသားထားပြီး မြတ်ကေသီအောင် ခင်စံပယ်ဦး ခင်လေးနွယ်နဲ့ မဂွမ်းတို့ကလည်း comment ဝင်ရောက်ရေးသားခဲ့ကြပါတယ်။

Source: Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။