မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အိမ်ရှင်ဒေါ့မွန်အသင်းကို ရီးရဲလ်မက်ဒရစ်အသင်းက ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနိုင်ပွဲကြောင့် စပါးအသင်းနဲ့ ရမှတ်တူကာ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဒေါ့မွန်အသင်းကတော့ ခုထိ ချန်ပီယံလိဂ်မှာ နိုင်ပွဲမရရှိသေးတာကြောင့် ရမှတ် သုည နဲ့ အေပိုလ်းအသင်းနဲ့အတူ အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ 

ဒေါ့မွန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အော်ဘာမီယန်၊ ရာမိုလန်ကို၊ ဖီးလစ်၊ ဆာဟင်၊ ကတ်စထရို ၊မာရီယိုဂေါ့ဇီ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ စီရော်နယ်ဒို၊ ဂါရတ်ဘေလ်း၊ အစ္စကို၊ မိုဒရစ်၊ ကတ်စမဲရိုး၊ တိုနီကရုးတို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လာလီဂါမှာ ရလဒ်အနည်းငယ်ဆိုးဝါးနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ရောက်ရင်ဂိုးမြူးတတ်တဲ့ရီးရဲလ်တိုက်စစ် ကို မထိန်းချူပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၁၈ မိနစ်မှာ ဂါရတ်ဘေးကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ ရီးရဲလ်မက်ဒရစ် ၁ ဂိုးအသာနဲ့ဦးဆောင်ခဲ့ပါတယ်။ဒုတိယပိုင်း မိနစ် ၅၀ ပဲ စီရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဒုတိယမြောက်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့ ၄ မိနစ်အကြာမှာပဲ အော်ဘာမီယန်က ဒေါ့မွန်အသင်းအတွက် ချေပဂိုးတစ်ဂိုးရယူပေးခဲ့ပါတယ်။၇၉ မိနစ်မှာတော့ အနိုင်သေချာစေမဲ့ဂိုးကို စီရော်နယ်ဒို က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။