ရုရှားနိုင်ငံဟာ အမေရိကန်ထိ ပစ်လွှတ်နိုင်စွမ်းရှိတဲ့ အဆင့်မြင့် တိုက်ချင်းပစ်ဒုံးပျံသစ် ကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ရုရှားကာကွယ်ရေး ၀န်ကြီး ဌာန က ပြောကြားရာမှာတော့ “ရုရှားဟာ Topol RS-12M, နေတိုးအခေါ် SS-27 “Sickle B” ကိုအောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ရုရှားနိုင်ငံ တောင်ဘက် Astrakhan ဒေသမှာ အောင်မြင်စွာစမ်းသပ်ပစ်လွှတ်ခဲ့တာပါ။

ဒုံးပျံဟာ Kazakhstan က ပစ်မှတ်ကို မထိမှန်မီ မိုင်ပေါင်း ၁၂၀၀ လောက် ပျံသန်းသွားခဲ့ပါတယ်။ ရုရှားကာကွယ်ရေး ၀န်ကြီး ဌာန မှ ပြောဆိုရာမှာ စမ်းသပ်မှုမှ ရရှိတဲ့ အချက်အလက်တွေဟာ ဒုံးပျံကာကွယ်ရေးစနစ်တွေကို ထိုးဖောက်နိုင်တဲ့ နည်းပညာသစ်တွေကို ဖော်ထုတ်ရာမှာ ပိုမိုအထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒီ Topol RS-12M အဆင့်မြင့် တိုက်ချင်းပစ်ဒုံးပျံသစ် ဟာ နျူးကလီးယားထိပ်ဖူးတပ်ဆင်နိုင်ပြီး အကွာ အဝေး ၆၈၀၀ မိုင် ထိသွားနိုင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အဓိက မြို့တော်တွေဖြစ်တဲ့ နယူးယောက် နဲ့ ၀ါရှင်တန် တွေကို အလွယ်တကူရောက်ရှိနိုင်ပါတယ်။ ရုရှားနိုင်ငံ တောင်ဘက် Astrakhan ဒေသမှာ နေထိုင်သူတွေကတော့ ဒီဒုံးပျံ ပစ်လွှတ်မှုကြောင့် ထိတ်လန့်ခဲ့ကြပါတယ်။

Source: Newsweek

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။