ယနေ့ ၂၁ ခေတ်မှာ Facebook Instagram Twitter စတဲ့ အရာတွေဟာ အနုပညာရှင်တွေကိုဘပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရစေတဲ့ အရာတွေထဲမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့်မို့ အနုပညာရှင်အများစုဟာလည်း သူ့တို့ရဲ့ အနုပညာလှုပ်ရှားမှုတွေ ဓာတ်ပုံတွေကို သူတို့ရဲ့ facebook , instagram အကောင့်တွေ page တွေကနေ တင်ပေးလေ့ရှိပါတယ်။

ဒါပေမဲ့ မြန်မာပြည်က အနုပညာရှင်တွေထဲမှာ social applications တွေ အသုံးမပြုတဲ့ အနုပညာရှင် နှစ်ဦးရှိနေပါတယ်။ ပထမတစ်ယောက်ကတော့ ပြည်သူချစ် မင်းသမီး ထက်ထက်မိုးဦးဖြစ်ပါတယ်။ ထက်ထက်ကတော့ အင်တာဗျူးတစ်ခုမှာ အင်တာနက်မသုံးဖြစ်ပုံနဲ့ပတ်သတ်ပြီး "အစ်မက အွန်လိုင်းကတော့ မသုံးဖြစ်ဘူး။ အမှန်တိုင်းပြောရရင် Gmail တောင် မဖွင့်တတ်ဘူး။ ပြောရတာ ရှက်တော့ရှက်တယ်" လို့ သူမက ပြောထားပါတယ်။ သူမပုံတွေ မိသားစုဓာတ်ပုံတွေကိုတော့ ခင်ပွန်းဖြစ်သူကပဲ တင်ပေးတာလို့ သူမကပြောပါတယ်။ 

နောက်တစ်ဦးကတော့ ပရိသတ်တွေရဲ့ အချစ်တော် ဂျင်းကောင် မြင့်မြတ် ဖြစ်ပါတယ်။ မြင့်မြတ်က Myo Min Hein အမည်နဲ့ အကောင့်ရှိပေမဲ့ သူသုံးတာမဟုတ်ဘူးလို့ သိရပါတယ်။ တလောက ရွှေမှုန်က ဂျင်းကောင်ကို facebook သုံးနည်းသင်ပေးနေပြီး အခုတော့ အကောင့်ခဏခဏပျက်နေတာမို့ မသုံးဖြစ်တော့ဘူးလို့ မြင့်မြတ်ကဆိုပါတယ်။ ကဲ ပရိသတ်ကြီးရေ ဒါကတော့ ရှားရှားပါးပါး facebook မသုံးကြတဲ့ ချစ်ရတဲ့ အနုပညာရှင်နှစ်ဦးပါပဲနော်........

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။