ယနေ့ညမှာတော့ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်များကို ကစားသွားမှာပါ။ မြန်မာစံတော်ချိန် မနက် ၁း၁၅မှာ ကစားသွားကြမှာပဲဖြစ်ပါတယ်။ ဒီညမှာတော့ ပွဲကြီးပွဲကောင်းများစွာ ပါ၀င်နေပါတယ်။ ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်၊ ချယ်ဆီးနှင့် အက်သလက်တီကိုမက်ဒရစ်တို့ ကစားကြမှာပါ။

ပြင်သစ်ကလပ် ပီအက်စ်ဂျီကတော့ ဘိုင်ယန်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာပါ။ ပီအက်စ်ဂျီက တိုက်စစ်ကို ငွေကြေးများစွာဖြင့် အားဖြည့်ထားပါတယ်။ နေမာ၊ ဘာပေးတို့လို တိုက်စစ်ကို ခေါ်ယူထားနိုင်ပါတယ်။ သို့သော် ပီအကစ်ဂျီတိုက်စစ်က နေမာနှင့် ကာဗာနီတို့က ပြသာနာဖြစ်နေပါတယ်။

ဘိုူင်ယန်မြူးနစ်အသင်းက အသင်းသားတွေကြား ညီနေပါတယ်။ ကွင်းလယ်ကလည်း တဖြည်းဖြည်း နှင့် ပုံမှန်ခြေ ပြန်ရလာပါပြီ။ ဒီပွဲကိုတော့ ဘိုင်ယန်မြူးနစ်က စိတ်ဓာတ်မငြိမ်တဲ့ ပီအက်စ်ဂျီကို အထက်စီးကနေ ကစားဖို့ရှိနေပါတယ်။ ဒီပွဲကတော့ ဘို်င်ယန်မြူးနစ်ကပဲ အနိုင်ရရှိသွားဖို့ရှိနေပါတယ်။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။