မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စပါးတပ်မော်စကို အသင်းနဲ့လီဗာပူလ်းအသင်းတို့ဟာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေကြခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ နှစ်ပွဲဆက် သရေရလဒ်ရရှိခဲ့တာကြောင့် ရမှတ် ၂ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။စပါးတပ်မော်စကို အသင်းကလည်း နှစ်ပွဲဆက် သရေရလဒ်ကြောင့် လီဗာပူလ်း အသင်းနဲ့အမှတ်တူကာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ 

စပါးတပ်မော်စကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အယ်ဒရီယာနို၊ ပိုပေါ့၊ ပါဆာလစ်၊ ဖာနန်ဒို၊ ဆီမီဒေါ့၊ ဂျီကီရာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာနေး၊ ဖာမီနို၊ ဆာလက်၊ ကော်တင်ဟို၊ ဟန်ဒါဆန်၊ အမ်မရီကန် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်အသင်းအနေနဲ့ အခွင့်ရေးအများကြီး ဖန်တီးနိုင်ခဲ့ပေမဲ့ အကောင်းဆုံး အသုံးမချနိုင်ခဲ့တာကြောင့် သရေရလဒ်သာပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုစပါးတပ်မော်စကို အသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ၂၃ မိနစ်မှာ ဖာနန်ဒိုက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃၁ မိနစ်မှာ ကော်တင်ဟိုက လီဗာပူလ်းအသင်းအတွက်ချေပဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man Of The Match ကိုတော့ ကော်တင်ဟို က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။