ပရိသတ်အချစ်တော် ဆုအိမ့်စံဟာ 1500 မေတ္တာဟာ 528 ဆိုတာထက်ပိုများနေတာရတဲ့ အကြောင်းကိုသူမကတော့ ပြောပြခဲ့ပါတယ်။သူမကိုယ်တိုင်လဲ သူရဲ့အသိမိတ်ဆွေတွေကိုလိုက်မေးပေမဲ့လိုက် ဘာကြောင့်များရလဲဆိုတာဘယ်သူမှာ မပြောနိုင်ကြပါဘူးတဲ့။သူမကတော့ အဲလိုလိုက်မေးရင်းနဲ့ပဲ အကိုတစ်ယောက်က ပြောပြတာကို ပြန်လည်ပြောပြထားပါတယ်။

“528 မေတ္တာနဲ့ 1500 မေတ္တာ မှာ 1500 ကဘာလို့ပိုများ

ရတာလဲ ဆိုတာအရမ်းသိချင်ခဲ့တယ် ...

မိဘကကိုယ့်ကို ဒီလောက်ချစ်တာလို့ ...

ဘာလို့နည်းရတာလဲပေါ့ ... ?

အဲ့ဒါနဲ့ကိုယ်နဲ့သိတဲ့လူတွေမေးကြည့်တာပေါ့

သူတို့လည်းသေချာမသိသလိုအဖြေတွေကိုလည်းသဘောမကျခဲ့ဘူး ဒါမဲ့ အကိုတယောက်လားသူငယ်ချင်း

တယောက်လားမမှတ်မိတော့ဘူး သူပြောပြတာလေးကို

သဘောကျတယ် သူ့အဖြေကိုလက်ခံတယ်ပေါ့နော် ??

528 ကဘာလို့နည်းလဲဆိုတော့ ...  

ဥပမာ - ကိုယ့်မိဘက ကိုယ့်ကိုကျိန်းသေတာတခုကချစ်ရမှာပဲ အဲ့လိုပဲ မောင်နှမတွေ ဆွေမျိုးတွေပေါ့

ကိုယ့်အသွေးအသားတွေဆိုတော့ ချစ်ကိုချစ်ရမှာ

1500ကဘာလို့များလဲဆိုတော့ ...

တစိမ်းတယောက် ကိုယ်နဲ့ဘာမှမတော်စပ်ပဲ

ချစ်ပေးရလို့တဲ့ တချို့ဆိုကိုယ့်ချစ်သူကိုညီမလိုရော

ချစ်သူလိုရောအကိုလိုရော ကိုယ့်အသွေးအသား

တယောက်လိုချစ်တာလေ ...

ဒါကြောင့်များတာတဲ့ အော်ဒါလည်းဟုတ်တာပဲပေါ့နော်

ချစ်ပရိသတ်တွေရော ဘယ်လိုမြင်ကျလဲ ... ? ? ?

528 ပဲဖြစ်ဖြစ် 1500 ပဲဖြစ်ဖြစ် ပူလောင်ပါတယ်

1500 ကပိုပြီးပူလောင်တာပေါ့ ?

ဆုဆုသိတာလေးကို မျှဝေတာပါ ... ? ? ?

အားလုံးပျော်စရာကောင်းတဲ့နေ့လေးဖြစ်ပါစေ ? “ 

သတင်းအရင်းအမြစ် - ဆုအိမ့်စံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။