တရုတ်ပြည်ရဲ့ နာမည်အကျော်ကြားဆုံးမင်းသမီးကိုပြပါဆိုလျှင် မင်းသမီး Fan Bingbing ဖန်ပင်းပင်း ကိုပြရမှာပါ။ မင်းသမီး Fan Bingbing ဖန်ပင်းပင်း ကို စက်တင်ဘာ ၁၆ ရက်၊ ၁၉၈၁ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ “My Fair Princess” ဇာတ်ကားနဲ့ ပရိသတ်ကြိုက်နှစ်သက်မှု စတင်ရရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ သူမဟာ “Cell Phone” ဆိုတဲ့ ရုပ်ရှင်မှာ ပါ၀င်သရုပ်ဆောင်ခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံးရုပ်ရှင်ထဲမှာပါ၀င်ခဲ့ပါတယ်။

သူမ ပါ၀င်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တွေကတော့ “Lost in Beijing (2007)”, “Buddha Mountain (2011)”, “Double Xposure (2012)”, “I Am Not Madame Bovary (2016)” တို့ဖြစ်ပါတယ်။ သူမဟာ Forbes China Celebrity 100 စာရင်းမှာ နှစ်တိုင်း အဆင့် ၁ မှ ၁၀ အတွင်းဝင်သူပါ။ ၂၀၀၆ ခုနှစ်နောက်ပိုင်းကစပြီး ကမ္ဘာပေါ်မှာ သရုပ်ဆောင်ကြေးအများဆုံးရတဲ့ မင်းသမီးဖြစ်လာခဲ့ပါတယ်။

သူမရဲ့ ကြော့ရှင်းတဲ့ အလှအပ ကြောင့် ပရိသတ်စွဲငြိ ရတဲ့ မင်းသမီးလေးပါ။ ၂၀၁၇ ခုနှစ်မှာတော့ မင်းသမီး Fan Bingbing ဖန်ပင်းပင်း ဟာ Time ရဲ့ သြဇာအရှိဆုံးသူများ အယောက် ၁၀၀ စာရင်းမှာ ဖော်ပြခြင်းခံရပါတယ်။ မင်းသမီး Fan Bingbing ဖန်ပင်းပင်း ဟာ တရုတ်မင်းသား Li Chen နဲ့ ချစ်ကြိုက်နေမှုကို ၂၀၁၅ မေလ အထိ ပြောဆို ဖော်ပြခြင်းမပြုခဲ့ပါဘူး။ သူမရဲ့ ၃၆ နှစ်မြောက် မွေးနေ့ ပွဲမှာ သူတို့စုံတွဲဟာ စေ့စပ်ခဲ့ကြပါတယ်။

Source: Chinese Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။