မြန်မာပြည်သူတွေ ကြားမှာ နန်းတွင်းရတနာ ဇာတ်ကားနဲ့ နာမည်ကျော်တဲ့ သူကတော့ မင်းသမီးလီယောင်အေးပဲဖြစ်ပါတယ်။ မင်းသမီးလီယောင်အေးကို ဇန်နဝါရီလ ၃၁ ရက်၊ ၁၉၇၁ခုနှစ် မှာမွေးဖွားခဲ့ပါတယ်။ သူမဟာ ၁၉၉၁ ခုနှစ်မှာ မော်ဒယ် အနေနဲ့ စတင်လုပ်ကိုင်ခဲ့ပါတယ်။

သြဂုတ်လ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်မှာတော့ လီယောင်အေးဟာ သူမရဲ့ စီနီယာ ကိုရီးယား-အမေရိကန် စီးပွားရေးလုပ်ငန်းရှင် နဲ့ အမေရိကန်နိုင်ငံမှာ လက်ထပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၁၁ ခုနှစ်မှာတော့

မင်းသမီး လီယောင်အေးဟာ ရင်သွေးအမြွှာလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ယောကျာင်္းလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်ပါ။ သူမ ဟာ သူမရင်သွေးလေးတွေ နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။

မြန်မာပြည်သူတွေ ကြားမှာတော့ နန်းတွင်းရတနာ ဇာတ်ကား နဲ့ ချန်ဂင်လို့လူသိများပါတယ်။ သူမ ရဲ့ သရုပ်ဆောင်ကောင်းမှု နဲ့ ဇာတ်လမ်းတွဲ ရဲ့ စိတ်ဝင်စားစရာကောင်းမှုတွေကြောင့် မြန်မာပြည်သူတွေ မလွတ်တမ်း စောင့်ကြည့်ခဲ့ရတဲ့ ဇာတ်လမ်းကောင်းလေးလဲဖြစ်ပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။