အနုပညာလောကမှာ လူတွေလေးစားရတဲ့ ပရဟိတသမားတစ်ဦးကတော့ ကို ဝေဠုကျော်ပါ ။

တိုင်းပြည်အတွက်ဆို ရတာတာဝန် ပုခုံးဝန်ထမ်းတဲ့ နိုင်ငံသားကောင်းတစ်ယောက်ပါပဲ ။

သူနဲ့အတူ ဝေဠုကျော်ဖောင်ဒေးရှင်းက လုပ်ဖော်ကိုင်ဖက်တွေကလည်း ၀ုိင်းဝန်းအားဖြည့်ကူညီပေးနေကြပါတယ် ။

ယခုလည်း ရခိုင်ပြည်နယ် မောင်းတောဘက်ကို ကူညီထောက်ပ့ံရေးသွားရင်း ဝေဠုကျော်အပါအဝင် သွားရောက်တဲ့ အဖွဲ့သားတွေအားလုံး

ထမင်းထိုင်စားနေတဲ့ပုံလေးဟာ ပရိတ်သတ်တို့ရင်ထဲကိုထိရှခဲ့ပါတယ် ။ 

ကယ်ဆယ်ရေးကိုပဲ ဦးစားပေးပြီး ဖြစ်သလို ခရီးသွားနေကြတဲ့သူတို့တွေဟာ ထမင်းစားချိန်မှာ ပန်းကန်ခွက်ယောက်တွေ မရှိဘဲ လမ်းမပေါ်ဖက်ရွက်ခင်းလို့

လက်ရည်တပြင်တည်းစားခဲ့ရတဲ့ ပုံလေးတွေဟာ အဖွဲ့သားတစ်ယောက်ဆီကနေ အွန်လိုင်းမှာ ပျံနှံလာတာမို့ ပုံတွေကိုမြင်တဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲကို

ထိရှစေခဲ့ပါတယ် ။ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်တဲ့ ပရဟိတသမားတွေဟာ ဒီလို ထမင်းစားရရုံအပြင် ဖျားနာနေတာတောင် နေပူမရှောင်မိုးရွာမရှောင်

ကားပေါ်မှာတင်ဆေးသောက်ပြီး အကူအညီလိုအပ်တဲ့နေရာဆီ အရောက်သွားနေကြတာပါ ။ ပုံတွေကိုတင်တဲ့ အကောင့်ပိုင်ရှင်ကတော့

"မှတ်မှတ်ရရ ထမင်းတနပ်"

ကား ၅ စီးနဲ့

ဒီနေ့ ဒီလို ကူညီထောက်ပ့ံရေးသွားတော့ ဒီလို ထမင်းတနပ် စားခဲ့ရတယ်။

တနေ့လုံးကားပေါ်မှာ ဖျား - ဆေးသောက် - မိုးရွာလိုက် နေသာလိုက်နဲ့

မေယုရယ် နင့်ရဲ့မျက်ရည်စတွေကို ငါတို့ရဲ့ ချွေးစက်တွေနဲ့ နစ်သိမ့်ပေးနေလေရဲ့ -

မောင်တောမြို့ အလိုတော်ပြည့် ဆရာတော်ဘုရားဦးဆောင်မှုနဲ့အတူ

ဝံလက်ဖောင်ဒေးရှင်း - ဝေဠုကျော်ဖောင်ဒေးရှင်း - ဝေဟင်အောင်အဖွဲ့သားများ " လို့ အမှတ်တရရေးသားဖော်ပြခဲ့ပါတယ် ။

သူတို့ရဲ့ စေတနာတွေအတွက် အသိအမှတ်ပြုလေးစားမိပါတယ် ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Way Hin Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။