မြန်မာပြည်သူလူထုသိရှိပြီးသားအတိုင်း ရခိုင်အရေးကတော့နိုင်ငံရေး ကစားကွက်တွေနဲ့အရေးကြီးတယ့်အခြေအနေတစ်ရပါကိုရောက်ရှိလို့နေတာပါ။ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ အစီရင်ခံစာတစ်စောင်ကို နိုင်ငံတော် သမ္မတ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ တင်ပြသွာားမယ်လို့ သိရပါတယ်။

ဒီအစီအရင်ခံစာကိုတော့ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေကြားက ဘူးသီးတောင်မြို့နယ်ရဲ့ အခြေအနေတွေကို အစီရင်ခံစာ ရေးသားထားတာလို့ သိရပါတယ်။ 

ဖြစ်ပွာခဲ့သည့်အကြမ်းဖက်မှုများနှင့်ပြသာနာများရဲ့ ဒေသတွင်းမြေပြင် အခြေအနေတွေကို ပြည်သူတွေ သိရှိစေရန်နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။အဲဒီအစီရင်ခံစာကို အင်္ဂလိပ်ဘာသာနဲ့ပါ ရေးသားထားပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကိုပါ ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ်-7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။