မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်သလက်တီကိုအသင်းကို ချဲလ်ဆီးအသင်းက ၂ ဂိုး ၁ ဂိုး နဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး အဖိုးတန် အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ၂ ပွဲဆက်အနိုင်ယူခဲ့တာဖြစ်ပြီး အုပ်စုထိပ်ဆုံးမှာရပ်တည်နေကာ အဆင့် ၂ နေရာကရိုးမားအသင်းကို ၂ မှတ်ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းကတော့ ရမှတ် ၁ မှတ်သာရရှိထားကာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂရက်စမန်း၊ ကော်ရီယာ ၊ဆောလ်၊ ကိုကီ၊ ကာရက်စကို၊ သောမက် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ မိုရာတာ ၊ဟာဇတ်၊ ဖာဘရီဂတ်၊ ဘာကာယိုကို၊ ကန်တေ၊ မော့ဆက်၊ အလွန်ဆိုတို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ ခြေရည်တူကစားခဲ့တာဖြစ်ပြီး ဂိုးပေါက်ချိန်းခြောက်မှုမှာတော့ ချဲလ်ဆီးက ပိုမိုအသာရခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲရဲ့ အဖွင့်ဂိုးကိုတော့ အက်သလက်တီကိုအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ မိနစ် ၄၀ မှာ ဂရက်စမန်းက ပယ်နယ်တီကတဆင့် ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးချိန်မှာ အက်သလက်တီကိုအသင်းက တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၆၀ မှာတော့ ချဲလ်ဆီးအသင်း ချေပဂိုး ရရှိခဲ့ပြီး ဒီဂိုးကို မိုရာတာ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီအသင်းအတွက်အနိုင်ဂိုးကိုတော့ (၉၀+၄)မိနစ်မှာ ဘတ်ရှုအာရီ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။