မြန်မာတို့ရဲ့နောက်ထပ်ကျဆုံးခန်း

မနေ့ကမြန်မာယူ-16အသင်းကိုရီးယားကိုရှုံးပြီးအာရှခြေစစ်ပွဲ

ကျရှုံးသွားခဲ့ပါပြီ။ပထမပွဲမှာလည်းတရုတ်ကိုရှံုးထားတော့

ကျိန်းသေပေါက်ခြေစစ်ပွဲမအောင်တော့ပါဘူး။

ယူ-22၊ယူ-18ပြီးတော့အခုယူ-16မြန်မာတို့ရဲ့နောက်

ထပ်ကျဆုံးခန်းတစ်ခု။မတိတ်နိုင်သေးသောမျက်ရည်များ

အားပေးသူပရိတ်သတ်တို ့ရဲ့မျက်ဝန်းတို့၌ စိုစွတ်လျှက်။

ယူ-16ရှုံးတော့ထုံးစံအတိုင်းနည်းပြတို့ရဲ့ဆင်ခြေတွေ

ကြားရပြန်ပါတယ်။ဘောလုံးအဆင့်အတန်း၊လူ့စွမ်းအား

အရင်းအမြစ်ဘာဘာညာညာစသဖြင့်ကွာတယ်ပေါ့။

ကျွန်တော်မှတ်မိသလောက်ပြောရရင်သက်တမ်း

အလိုက်ပြိုင်ပွဲတွေမှာFootball Standard ဆိုတာမရှိပါ။

ထိုင်းမှာကျင်းပခဲ့တော့ယူ-16ပြိုင်ပွဲမှာသြစတေးလျအသင်း

ဝင်ကစားခဲ့တာပဲကြည့်ပါ။ထိုင်းတို့ဗီယက်နမ်တို့အသာစီးဖြင့်ပင်သြဇီကိုယှဉ်ဆော့နိုင်ခဲ့ပါတယ်။

မြန်မာအသင်းကရောဘာလို့မဆော့နိုင်ရသလဲ။

မြန်မာနည်းပြတို့ရဲ့အဖြေကားရှင်းပါတယ်မြန်မာ့ဘောလုံးလယ်ဗယ်သည်အာဆီယံထိပ်သီးအဆင့်မရှိ၍ဟူသတတ်။

ဒါဆိုရင်တရုတ်ကိုသရေဆော့ခဲ့သောမ္ဘောဒီးယားအသင်းကျတော့ရောဟုပြန်မေးရင်ဘယ်လိုဖြေမယ်မသိ။ကျွန်တော်တို့

ဒီထက်ပိုကြိုးစားကြဖို့လိုပါတယ်။ဆင်ခြေတွေမလိုချင်ပါ။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။