ပရိသတ်ကြီးရေ ဒီနေ ့စက်တင်ဘာလ ၂၈ရက်နေ ့ကတော့ဝါရင့်သရုပ်ဆောင် အကယ်ဒမီမြင့်မြင့်ခိုင်ရဲ ့မွေးနေ ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နဲ ့ဗွီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်ပီပြင်ပိုင်နို်င်လှတဲ့ အန်တီမြင့်မြင့်ခိုင်ဟာ အခုချိန်မှာ အကယ်ဒမီရွှေစင်ရုပ်တု ၃ ဆုထိဆွတ်ခူးထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ တူမဖြစ်သူ သရုပ်ဆောင်ခိုင်နှင်းဝေဟာလည်း အဒေါ်ဖြစ်သူလိုပဲ အနုပညာလမ်းကြောင်းပေါ်ကို ဝါသနာကြီးစွာ လျှောက်လှမ်းနေသူဖြစ်ပြီး ဒီနေ ့မှာ ကျရောက်တဲ့ အန်တီမြင့်မြင့်ခို်င်ရဲ ့မွေးနေ ့အတွက် ခို်င်နှင်းဝေက

“Happy Birthday ကျမဘဝမှာ Hero အဖြစ်နဲ့ ကျမဘဝ ယိမ်းယိုင်မသွားအောင် ကျမရဲ့ ငယ်ဘဝ အမေ့ဝမ်းကထွက်ကတည်းက ကျွေးမေမေ အဖြစ်နဲ့ ကျမရှေ့ကမားမားမတ်မတ် အမြဲရပ်တည်ပေးခဲ့တယ်။ ကျမဝမ်းနည်းရင် သူဝမ်းနည်းတယ်။ ကျမအောင်မြင်ပျော်ရွှင်ရင် သူပျော်တယ်။ သားသမီးအရင်းတယောက်လို အမြဲချစ်ပေးတယ်။ ကျမတို့ မိသားစု တစ်ဆွေလုံးတမျိုးလုံးကိုအမြဲ အရိပ်တကြည့်ကြည့် နေပေးခဲ့တဲ့ ကျမရဲ့ကြီးတော် မွေးနေ့မှပြီး နောင်နှစ်ပေါင်းများစွာ သူချစ်တဲ့ သမီးလေး ကျမညီမလေး နှင့် သူ့ရဲ့ ချစ်ခင်ပွန်းနဲ့အတူ ပျော်ရွှင်ကျန်းမာစွာ နေနိုင်ပြီး သာသနာပြုနိုင်ပါစေရှင်” လို ့တူမတစ်ယောက်အနေနဲ ့ အဒေါ်ဖြစ်သူအတွက် အမှတ်တရဆုတောင်းစကားလေးကို ပြောခဲ့ပါတယ်။ ပရိသတ်ကြီးကလည်း အားပေးချစ်ခင်ကြတဲ့ အန်တီမြင့်မြင့်ခိုင်အတွက် မွေးနေ ့ဆုမွန်ကောင်းလေးတွေပြောသွားပါဦးနော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။