ဂျပန်မှာကျင်းပတဲ့လက်ဝှေ ့ပွဲမှာမြန်မာလက်ဝှေ ့သမားတွေကို

လာအားပေးတဲ့အဝင်း

မြန်မာလူမျိုးတွေဆိုတာဘယ်နေရာရောက်ရောက်

မြန်မာပါပဲ။အမေရိကန်မှာနေတဲ့MMAချန်ပီယံ

အောင်လကိုပဲဥပမာကြည့်ပါ။အခုလည်းအဝင်းလို့

ချစ်စနိုးခေါ်ကြတဲ့မိုရီဆာကီဝင်းဟာ

ဒီနေ့ဂျပန်မှာကျင်းပနေတဲ့လက်ဝှေ ့ပြိုင်ပွဲမှာ

မြန်မာ့လက်ဝှေ ့သမားတွေကိုအားပေးဖို့ရောက်နေပါတယ်။

သူကအားပေးရုံသာမကအစီစဉ်တင်ဆက်သူပါပြုလုပ်

ပေးဦးမှာပါ။

တိုကျိုမြို ့ကိုရာကူရမ်ခန်းမကြီးမှာကျင်းပတဲ့

လက်ဝှေ ့ပွဲမှာ ဝင်းထွန်း၊ဖျံသွေးစတဲ့ကစားသမားတွေဟာ

ဂျပန်လက်ဝှေ ့သမားတွေနဲ့ယှဉ်ပြိုင်ထိုးသတ်ကြမှာပါ။

သူမျာမြေမှာသွားရောက်ထိုးသတ်ရတာဖြစ်လို့

မြန်မာ့လက်ဝှေ ့သမားတွေအားပေးမှုလိုနေတာအမှန်ပါပဲ။

အဝင်းလာအားပေးတော့ဝင်းထွန်းတို့လည်းအားရှိတာပေါ့။

Letwei in Japan ဆိုတဲ့လက်ဝှေ ့ပွဲတွေကိုဂျပန်မှာကျင်းပလာတာငါးကြိမ်မြောက်ရှိပြိဖြစ်ပြီး

ဂျပန်ပရိသတ်တွေလည်းအများကြီးရရှိထားပါပြီ။

အဝင်းဟာဂျပန်မှာပြုလုပ်တဲ့မြန်မာနိုင်ငံဆိုင်ရာ

ပွဲတွေကိုအလျဉ်းသင့်သလိုတက်ရောက်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့စနေနေ့ကကျင်းပတဲ့Tourism Expoပွဲကိုလည်း

အဝင်းတက်ရောက်ခဲ့ပါတယ်။ဝတ်မှုန်ရွှေရည်နဲ့ပေါင်းပြီးတော့

ဇာတ်ကားကြီးတစ်ကားကိုလည်းအဝင်းရိုက်ကူးထားပါတယ်။

ဂျပန်မှာတော့အဝင်းဟာမြန်မာပြည်ရဲ့ပြယုဂ်တစ်ခုဖြစ်လာနေပါတယ်။

Source- Morisaki Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။