အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေဖြစ်ကြသလို ပရိသတ်အချစ်တော် မင်းသမီးတွေလည်း ဖြစ်ကြဲ့ မေသန်းနု နဲ့ ဆုပန်ထွာတို့ကတော့ မမှတ်မိလောက်အောင်ကို လှနေကြပါတယ် ပရိသတ်ကြီးရေ။ အကြောင်းကတော့ တလောက နှစ်ယောက်အတူ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အလှအပဆေးရုံတစ်ခုမှာ ခွဲစိတ်ကုသမှုခံယူခဲ့လို့လို့ သိရပါတယ်။

အခုတစ်ခါ ဒီဆေးရုံးရဲ့ ဖွင့်ပွဲအတွက် နှစ်ယောက်အတူ အလှဓာတ်ပုံရိုက်ကူးပေးထားပြီး ဒီဓာတ်ပုံတွေကတော့ ပရိသတ်တွေကြား ရေပန်းစားလို့နေပါတယ်။ အံ့သြစရာကောင်းလောက်အောင် နုပျိုလှပနေတဲ့ သူတို့နှစ်ယောက်ကတော့ အဖြူရောင်အကျႌလေးတွေဝတ်ဆင်ထားတာတွေ့ရပါတယ်။ ပန်ပန်ကတော့ သူမရဲ့ လူမှုစာမျက်နှာကနေတဆင့် ဒီဓာတ်ပုံလေးတွေကို ယခုလို ရေးသားပြီးတင်ထားတာတွေ့ရပါတယ်။ 

"28.9.2017

ပန်ပန် Korea မှာမျက်နှာခွဲစိတ်ပြုပြင်ပေးခဲ့တဲ့ "Derma Grand Clinic" Opening Celemony today!

Photo Shoot Makeup:May Oo

Designer: Ma Nu, Ma Nu

ဖွင့်ပွဲမိတ်ကပ်: Ariana Nge Ariana Nge" ဆိုပြီး ရေးသားထားပါတယ်။ ဒီပွဲရဲ့ ဖွင့်ပွဲကိုလည်း တက်ရောက်ခဲ့ပြီး အနုပညာလောကမှ အနုပညာရှင်အချို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

Source: Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။