ဗိုလ်ချူပ်မှုးကြီး ဦးသန်းရွှေ ရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင် (ဖိုးလပြည့်) က သူအရမ်းကြိုက်တဲ့ သီချင်းလေးတွေဆိုရင် Cover Song အနေနဲ့ သူကိုယ်တိုင်ပါ၀င်ပြီး သရုပ်ဆောင်လေ့ရှိပါတယ်။

လူမှုကွန်ရက်မှာ ၀န်းရံခံရသူထဲက ဆယ်လီတစ်ဦးဖြစ်တဲ့ နေရွှေးသူအောင်က အခုတစ်ခေါက်မှာတော့ သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ နောက်ထပ် သီချင်းအသစ်လေးတစ်ပုဒ်ကို အမြည်းအနေနဲ့ တင်ပေးထားတာပါ။

သူအရမ်းကြိုက်တယ်ဆိုတဲ့ ပြည်ပအဆိုတော် Enrique Iglesia သီဆိုထားတဲ့ Escape သီချင်းလေးကို MTV အနေနဲ့ သူကိုယ်တိုင်ပါ၀င်သရုပ်ဆောင်ပြီး ရိုက်ကူးထားတာတွေ့ရပါတယ်။

မကြာသေးမီက ရခိုင်ပြည်နယ်အတွက် အလှုငွေတွေထည့်ဝင်လှုဒါန်းထားတဲ့ နေရွှေသွေးအောင်ဟာ အနုပညာရှင်တွေနဲ့လည်း မစိမ်းသူဖြစ်ပါတယ်။

ဒါ့ကြောင့် အရင်တစ်နှစ်ကျော်က Forgiveness သီချင်းလေးတစ်ပုဒ်မှာ ခင်ဝင့်ဝါ ပိုင်ဇေရဲထွန်းတို့နဲ့အတူ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

သူပါ၀င်ထားတဲ့ Escape သီချင်းလေးမှာ ဘယ်လိုအမိုက်စားအက်ရှင်တွေနဲ့ သရုပ်ဆောင်ထားလဲဆိုတာ ပရိသတ်တွေအတွက် နမူနာအနေနဲ့ တင်ပေးလိုက်တယ်နော်။  

Source :NayShwethway Aung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။