မန္တလာမြေမှကြုံးဝါးသံ

ရတနာပုံအသင်းရဲ့ကွင်းလယ်လူရဲရင့်ထွန်းကတော့

ဗိုလ်ချုပ်အောင်းဆန်းဒိုင်းကိုအရယူသွားမယ်လို့ကြံုး

ဝါးလိုက်ပါတယ်။အမှတ်ပေးဖလားမှာဖလားရယူဖို့ရာ

အခြေအနေမကောင်းတာကြောင့်ဗိုလ်ချုပ်ဒိုင်းကိုတော့

အရယူသွားမယ်လို့သူကပြောပြပါတယ်။အမှတ်ပေး

ဖလားလက်လွတ်ရဖို့ကျိန်းသေသလောက်ရှိနေတဲ့

ရတနာပုံအတွက်တော့AFCဝင်ခွင့်ရရေးအတွက်

ဗိုလ်ချုပ်ဒိုင်းကိုရယူခြင်းမှတစ်ပါးအခြားမရှိချေ။

ရတနာပုံနည်းပြကြီးရီနီအနေနဲ

ရတနာပုံဟာပွဲချိန်ပြည့်အာရုံစူးစိုက်ကစားသွားမည်ဖြစ်ပြီး

ရလဒ်ကောင်းရယူဖို့လည်းအဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။

ပြီးခဲ့တဲ့အမှတ်ပေးပွဲတွေဖြစ်တဲ့ကစားသမားတွေအာရုံ

စူးစိုက်မှုလျော့နည်းခဲ့တာကြောင့်ရခိုင်နဲ့ဆောက်သမ်းတို့

ပွဲတွေမှာရတနာပုံဟာအမှတ်တွေဆုံးရှုံးခဲ့တာပါ။

ရီနီအနေနဲ့ဒီအားနည်းချက်ကိုရန်ကုန်နဲ့ပွဲမှာအကောင်း

ဆုံးပြင်ဆင်ထားပြီလို့လည်းယူဆရပါတယ်။

နောက်ဆုံးအကြိမ်တွေ့ဆုံမှုအရရတနာပုံဟာ

ရန်ကုန်ကို3ဂိုးဂိုးမရှိနဲ့အနိုင်ယူထားပါတယ်။

ဒီတစ်ကြိမ်တွေ့ဆုံမှုကတော့အရင်ကလောက်

လွယ်ကူမယ်မထင်ပါဘူး။ဘာလို့လဲဆိုတော့ရတနာပုံအသင်းရဲ့

တိုက်စစ်ကစားသမားတွေဖြစ်တဲ့ဝင်းနိုင်စိုးနဲ့ရန်ပိုင်တို့

ဒဏ်ရာပြသနာတွေရှိနေပြီးအဓိကကွင်းလယ်လူလှိုင်းဘိုဘို

ဟာလည်းပွဲပယ်ပြစ်ဒဏ်ကြောင့်ရန်ကုန်နဲ့ပွဲမှာပါဝင်နိုင်

ခြင်းမရှိပါဘူး။30ရက်နေ့ပွဲမှာရတနာပုံကြုံးဝါးသလို

ရန်ကုန်ကိုအနိုင်ယူသွားနိုင်မလားဆိုတာကတော့

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။