ဦးကျော်သူ ဝိတိုရိယ ဆေးရုံမှာ နှလုံးရောဂါဖြင့် သေဆုံးသွားပြီဆိုတဲ့ သတင်းဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့နေပြီး ထိုသတင်းကိုတော့ Cele Cele Big အကောင့်မှာ ရေးသားထားတာဖြစ်ပါတယ်။ ထိုသတင်းနဲ့ ပတ်သက်ပြီး ဦးကျော်သူက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ပြောထားတပါယ်။

"ဝိတိုရိယ မှာဆုံးပြီတဲ့ဗျာ.. လုပ်ပြန်ပြီ..။ အတော့်ကိုသေစေချင်နေကြပါလား။

နေ့လည်ကလည်းဖုန်းတွေကအဆက်မပြတ်။ "ဆုံးပြီဆိုလို့"မေးတာတဲ့။

"အေး...ဟုတ်တယ်၊ ငါအခုအထက်ကနေပြောနေတာ" လို့ပြောလည်းပြောလိုက်ရော "အော်..ဟုတ် ဟုတ်ကဲ့"တဲ့ဗျာ။

နေ့လည်ကဘဲကျွန်တော်လေဆိပ်ကိုချစ်ဇနီးကိုလိုက်ပို့

ခဲ့ပါတယ်။ ပြည်ပက သမီးတို့အိမ်မှာ ရက်ရှည်လများကြာမယ်ဆိုတော့ကျွန်တော်ကအိမ်မှာတစ်ယောက်တည်းအထီးကျန် လွမ်းဖို့ပြင်ကာရှိသေးတယ်။ "နှလုံးရောဂါနဲ့သေဆုံးပြီ"ဆိုတဲ့သတင်းလည်းတက်လာကော ချုန်းပွဲချပြီးသာငိုလိုက်ချင်ပါရဲ့ဗျာ။

(ကျော်သူ အရှင်လတ်လတ်ရေးသားသည်) " ဟု ပြန်လည်ရေးသား ပြောကြားထားတာ တွေ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။