ရတနာပုံကိုအနိုင်ယူသွားမယ်ဆိုတဲ့ရန်ကုန်

မနက်ဖြန်ကစားမယ့်ရတနာပုံနဲ့ရန်ကုန်နဲ့ပွဲအတွက်

နှစ်သင်းစလုံးစိတ်ဓာတ်စစ်ဆင်ရေးတွေပြုလုပ်

နေကြပါပြီ။ရတနာပုံအသင်းနည်းပြရီနီကရန်ကုန်ကို

အနိုင်ယူမယ်လို့ပြောခဲ့သလိုပဲရန်ကုန်နည်းပြချုပ်

ဦးတင်မောင်ထွန်းကလည်းရတနာပုံအသင်းကို

ရန်ကုန်မြေမှာအနိုင်ကစားသွားမယ်လို့ပြောပါတယ်။

ပွဲမစခင်နည်းပြတွေရဲ့စကားလုံးတိုက်ပွဲတွေကလည်း

တကယ့်ကိုကြောက်ခမန်းလိလိပါပဲ။

ရတနာပုံနည်းပြရီနီပြောတာကိုကျွန်တော်တို့သတင်း

အဖြစ်ဖော်ပြထားပြီးပါပြီ။ရန်ကုန်နည်းပြချုပ်

ဦးတင်မောင်ထွန်းကဘယ်လိုပြောလဲဆိုတော့

"ရတနာပုံကရှုံးထွက်ဖလားကိုအာရုံစိုက်လာမှာပါ။

ဒါကြောင့်ကျွန်တော်နို့သေချာပြင်ဆင်ထားပါတယ်။

လူစုံတက်စုံနဲ့ရတနာပုံကိုအနိုင်ကစားသွားပါမယ်"

လို့ပြောကြားခဲ့ပါတယ်။ဒီနှစ်သင်းရဲ့နောက်ဆုံးတွေ့ဆုံ

မှုမှာတော့ရတနာပုံကမန္တလာသီရိမှာရန်ကုန်ကိုသုံးဂိုး

ဂိုးမရှိနဲ့အနိုင်ယူထားပါတယ်။

မန္တလေးကပရိသတ်တွေအနေနဲ့ဒီပွဲကိုအုံလိုက်ကျင်းလိုက်

လာအားပေးကြမှာပါ။ရတနာပုံအနေနဲ့အမှတ်ပေးဖလားကို

လက်လွတ်လိုက်ရတာကြောင့်ဗိုလိချုပ်ဒိုင်းကိုတော့

အရယူဖို့ကြိုးစားမှာပါ၊ရန်ကုန်ကလည်းလုံးဝအလျှော့ပေးမှာ

မဟုတ်ပါဘူး။မနက်ဖြန်တော့ပွဲကြီးပွဲကောင်းကြည့်ရပါပြီ။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။