ဖိုးချစ်သည် မြန်မာနိုင်ငံ ဇာတ်သဘင်လောက၌ (၂၀၀၅−၂၀၀၆)ခုနှစ်တွင် တဟုန်ထိုး နာမည်ကြီးလာသော မန္တလေးလူငယ် ဇာတ်မင်းသား တစ်ဦးဖြစ်သည်။ မိဘရင်းများမှာ ဦးတင်ဝင်းသောင်းနှင့် ဒေါ်သိန်းသိန်းမြတို့ ဖြစ်သည်။ မွေးချင်း ခြောက်ယောက်အနက် အငယ်ဆုံးဖြစ်သည်။ 

၂၀၀၄−ခုနှစ်တွင် သင်္ချာဘာသာရပ်နှင့် ဘွဲ့ယူခဲ့သည်။ ရွှေမန်းသူ အငြိမ့်တွင် ယိမ်းအက ဝင်ရောက် ကပေးရာမှ ဇာတ်သဘင်လောကထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ဆိုကရေးတီးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ၌ အဋ္ဌမအကြိမ်ထိ ရွှေတံဆိပ်များ ရရှိခဲ့သည်။ ၎င်း၏ဆရာများမှာ မုံရွာမှ ဆရာအောင်မြင့်သန်းနှင့် ဦးမြင့်သိန်း၊ ရွှေဘိုမှ ဂျော်လီသန်း၊ ရွှေဘိုကိုကြည်တို့ ဖြစ်သည်။ 

ဘွဲ့ယူပြီး ပြဇာတ်များကရာတွင် ပြဇာတ်ထဲမှ ဇာတ်ကောင်အမည်ကို နှစ်သက်၍ “ဖိုးချစ်”ဟု အမည်တွင်ခဲ့သည်။ ဇာတ်သဘင်လောကအပြင် ဗီဒီယိုလည်း သရုပ်ဆောင်ရာ ပထမဆုံး ဗီဒီယိုကားမှာ ခိုင်သင်းကြည်နှင့် တွဲဖက်၍ ဗေဒါလမ်း ဖြစ်သည်။ လူပျိုဖြစ်ပြီး မွေးစားမိဘများဖြစ်ကြသော ဦးတင်လှနှင့် ဒေါ်ခင်မေကြည်တို့နှင့် မန္တလေး၊ ချမ်းမြသာစည်၊ ကျွဲဆည်ကန်ရပ်တွင် နေထိုင်သည်။

Aung

Source: Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။