ကိုရီးယား နိုင်ငံဟာ သူတို့ရဲ့ ကေပေါ့ သီချင်းတွေ၊ ဒရာမာကားတွေကြောင့် နာမည်ကျော်ကြားတယ်လို့ပြောလို့ရပါတယ်။ ဒရာမာတကားဖြစ်လာဖို့ အတွက် ကောင်းမွန်တဲ့ ဇာတ်ညွှန်း၊ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပြေပြစ်မှု အစရှိတဲ့လုပ်ငန်းတွေ အဖက်ဖက် ကကောင်းမွန်မှုတွေ လိုအပ်သလို ငွေကြေးထောက်ပံ့မှုတွေ လည်း များစွာလိုအပ်ပါတယ်။

ထို့ကြောင့်လည်း သရုပ်ဆောင်ပီပြင်ပြီး နာမည်ကြီးတဲ့ သရုပ်ဆောင်တွေ ကို ပေးရတဲ့ အနုပညာကြေးကိုလည်း ပရိသတ်တိုင်းလိုလို သိချင်ကြပါတယ်။ ကိုရီးယား ရုပ်ရှင် သရုပ်ဆောင်တွေ ဟာ နာမည်ကြီးရင်ကြီးသလောက် သူတို့ရဲ့ အနုပညာကြေးကလည်း မြင့်မားလှပါတယ်။ သူတို့ဟာ အနုပညာ ကြေးကို ဒရာမာရဲ့ အပိုင်းတစ်ပိုင်းစီ ပေးရတာဖြစ်ပြီး အပိုင် ၁၆ ပိုင်းရှိရင် ၁၆ပိုင်းစာပေးရတာဖြစ်ပါတယ်။

သူတို့ကို ဒရာမာ တစ်ကားရဲ့ အပိုင်းတစ်ပိုင်းရိုက်ဖို့ အတွက် အနုပညာကြေးဘယ်လောက်ပေးရသလဲဆိုတာ ကြည့်လိုက်ကြရအောင်

Girls Generation မှ ယူနာ (Yoona) - သိန်း၂၀၀

Miss A မှ ဆူဇီ (Suzy) - သိန်း၂၀၀

BtoB မှ ဆောင်းဂျေ (Sungjae) - သိန်း ၁၀၀

ပတ်ခ်ဟယွန်ရှစ်ခ် (Park Hyung Sik) - သိန်း၁၀၀

INFINTE မှ အယ်လ် (L) - သိန်း ၇၀

f(x) မှ ခရစ်စတယ် (Krystal) - သိန်း ၆၀

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။