အောက်တိုဘာ(၆)ရက်နေ့မှာရုံတင်ပြသသွားမည့်အောင်စေပိုင်စေရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်းမောင်သူရ၊ ဇာတ်ညွှန်း ကိုကျော် ရေးစပ်ထားပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) က ပုံဖော်ဖန်တီးရိုက်ကူးထာကာ ဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ နေတိုး၊ မင်းရာဇာ၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ အိချောပို၊ ယွန်းရွှေရည် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြသည်။ အဆိုပါ“အောင်စေပိုင်စေ” ဇာတ်ကားထဲက လူမင်းအကြောင်းကို ပရိသတ်ကြီးသိစေဖို့စုစည်း ဖော်ပြလိုက်သည်။

လူမင်းသည် ၁၉၇၀-ခုနှစ်၊ မေလ၊ ၅-ရက်နေ့တွင် အဖ ဦးသိန်းလှိုင်နှင့် အမိ ဒေါ်ရီရီလှိုင်တို့မှ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ မင်းမင်းလှိုင် ဖြစ်သည်။၁၉၈၇-ခုနှစ်တွင် (မောင်)အမည်ဖြင့် ပထမဆုံး စရိုက်ခဲ့သည်။ ပထမဆုံး ဒါရိုက်တာ အောင်မြင့်မြတ် ရိုက်ကူးသော “မြတ်နိုးတွယ်တာရပါသောမောင်” ဇာတ်ကားဖြင့် လူသိများခဲ့သည်။ ၁၉၈၇ ခုနှစ်မှ စတင်ကာ အနုပညာလောကထဲသို့ ဝင်ရောက်လာကာ ၂၀၀၂-ခုနှစ်တွင် ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင် ဇာတ်ကားဖြင့် အကယ်ဒမီ ရခဲ့သည်။ 

၂၀၀၅ ခုနှစ်တွင် ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျန်စစ်သား ရုပ်ရှင်ကိုရိုက်ကူးပြသကာ အကယ်ဒမီ ထပ်မံ ရရှိပြန်သည်။အဆိုပါကျန်စစ်သား ဇာတ်ကားကို မလေးရှား၊ စင်္ကာပူ၊ ဩစတြေးလျနှင့် တရုတ်နိုင်ငံတိုတွင် ရုံတင်ပြသခဲ့သည်။၂၀၀၄-ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ခင်စံပယ်ဦး (ခင်စပယ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်)(သီဟတင်စိုး၊ စည်သူတင်စိုးတို့၏ ညီမ) နှင့် လက်ထပ်ခဲ့သည်။

Aung

Source: Internet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။