မကြာခင် သီတင်းကျွတ်တော့မှာမို့ လက်ထပ်ကြမယ့် စုံတွဲတွေလည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေကြပါပြီ ။

အဆိုတော် သရုပ်ဆောင် စိုးပြည့်ပြည့်စံတို့ စုံတွဲကလည်း ၀ါကျွတ်ရင် မင်္ဂလာဆောင်တော့မယ့် အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲ အပါအဝင်ပါ ။

အောက်တိုဘာ ရ ရက်နေ့မှာ မင်္ဂလာဆောင်တော့မယ့် မင်္ဂလာစုံတွဲလေးကတော့ Pre Wedding ဓါတ်ပုံတွေ ရိုက်ကူးနေပါပြီ ။

ချစ်သူသက်တမ်း (၁၀)နှစ်ပြည့်ပြီဖြစ်တဲ့ သရုပ်ဆောင် စိုးပြည့်ပြည့်စံ တို့စုံတွဲလေးကတော့ မင်္ဂလာပွဲကို (၁၀)လပိုင်း(၇)ရက်နေ့မှာ ကျင်းပတော့မယ်လို့ သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

မင်္ဂလာပွဲကို ကြီးကြီးမားမားကြီး မလုပ်ချင်ပေမယ့် မနက်ပိုင်း မင်္ဂလာဆွမ်ကျွေးပြီး ညနေပိုင်းမှာ ချစ်တဲ့သူတွေနဲ့အတူ မင်္ဂလာညစာစားပွဲလေး လုပ်ဖြစ်မယ်လို့သိရပါတယ် ။ ဒင်နာပွဲလေးကိုတော့ သင်္ဘောပေါ်မှာ ပြုလုပ်မှာလုိ႔ သိရွိရပါတယ္ ။

သတင်းအရင်းမြစ် Soe Pyae Pyae San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။