အဆိုတော်ရဲလေးဟာ သူကိုင်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇွတ်ကျား ဟာသရုပ်ရှင်ဇာတ်ကားကြီးကို တိတ်တိတ်လေး သွားကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ မကွေးမြို့ကို ခရီးသွားရင်း မကွေးမြို့ မင်္ဂလာစံပြရုပ်ရှင်ရုံမှာ သွားကြည့်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားက တောက်လျှောက်ရယ်နေရပြီး ထိုသို့ ပရိသတ်တွေကြားထဲ တိတ်တိတ်လေး သွားကြည့်ခဲ့ရတာ ပျော်ရွှင်ပြီး အမှတ်တရ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အမှတ်တရများနဲ့ တိတ်တိတ်လေး သွားကြည့်ခဲ့တာကို စက်တင်ဘာ(၂၉)ရက်နေ့က အခုလို ပြောပြထားပါတယ်။ “ဇွတ်ကျားကို ခရီးသွားရင်း မကွေးမြို့.. မင်္ဂလာစံပြရုပ်ရှင်ရုံမှာ ပရိသတ်တွေကြားထဲ တိတ်တိတ်လေးသွားကြည့်လိုက်တယ်.. အမှတ်တရပါဘဲ.. တောက်လျှောက်ရီနေရတယ် သောကြာနေ့ထဲက ရုံပြည့်ရုံလျှံပါပဲဗျာ..။” ပြောထားပါတယ်။

မနက်ဖြန် စက်တင်ဘာ(၃၀) မကွေးမြို့ ပြည်တော်သာလမ်း Beauty Diary ဆိုင်သစ်ဖွင့်ပွဲမှာ မကွေးက ပရိသတ်ကြီးနဲ့ တွေ့ဆုံကြမယ်ဗျာ “သတိရရင် အားပေးပါ” လို့လည်း ပြောထားပါတယ်။ ရဲလေးဟာ ပရိသတ် အခိုင်အမာရရှိထားတဲ့ Hip Hop အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။