သရုပ်ဆောင်တွေ ဖြစ်တဲ့ Lee Dong Gun နဲ့ Jo Yoon Hee တို့ လက်ထပ်သွားကြပါပြီ။ သူတို့ လက်ထပ်သွားကြတဲ့ သတင်းကို စက်တင်ဘာလ ၂၉ ရက်နေ့မှာမှ Kim Ji Suk ကနေတဆင့် သိရတာပါ။ မင်းသား Kim Ji Suk က "20th Century Boy and Girl" ရုပ်ရှင်အတွက် သတင်းစာရှင်းလင်းပွဲမှာ "ကျွန်တော် ကျွန်တော့်ရဲ့ အခင်ဆုံးသူငယ် ချင်း Lee Dong Gun ရဲ့ လက်ထပ်ပွဲကနေ အခုလေးတင် ပြန်လာတာပါ" လို့ပြောကြားသွားလို့ ပရိသတ်တွေသိရတာပါ။

သရုပ်ဆောင် Jo Yoon Hee ရဲ့ အေဂျင်စီ ကတော့ "Lee Dong Gun နဲ့ Jo Yoon Hee တို့ဟာ နှစ်ဖက်သော မိသားစုဝင်တွေတက်ရောက်တဲ့ သီးသန့် မင်္ဂလာပွဲလေး ဆိုးလ်မြို့မှာ ကျင်းပခဲ့တယ်" လို့တရားဝင်ပြောကြားသွားခဲ့ပါတယ်။

ဇနီးမောင်နှံ နှစ်ယောက်ဖြစ်တဲ့ Lee Dong Gun နဲ့ Jo Yoon Hee တို့က "များလှစွာသောလူတွေက ၀မ်းမြောက်ကြောင်း ပြောကြားခဲ့ကြပါတယ်။ မိမိတို့ အနေနဲ့ လူတိုင်းကိုမဖိတ်နိုင်ခဲ့တာ စိတ်မကောင်းပါဘူး။ ရုပ်ရှင်သရုပ်ဆောင်ကောင်း အနေနဲ့ရော၊ ဇနီးမောင်နှံကောင်းများ အနေနဲ့ပါ မိမိတို့ဆက်လက်ကြိုးစား သွားမှာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်" လို့သူတို့ရဲ့ အတွေးတွေကို မျှဝေသွားခဲ့ပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။