သင့်၏အမည်နှင့် သင်၏ ဘဝတစ်သက်တာ အတွက် အသုံးပြုရန် ယတြာများကို အကျဉ်းခြုံ့၍ တင်ပြ

ပေးလိုက်ပါတယ်။ ရှိရှိ သမျှ အမည် များကို စက္ကု ၊သောတ၊ ဃာန၊ ဇိန်ဝှာ၊ ကာယ၊ မန ဟူ၍ (၆) မျိုး ခွဲခြားထားသည်။ မယုံလို့ သတိလက်လွတ်နေလိုက်ပေမဲ့လည်း ယူကြည်ပြီး အော်ဖော်ပြပါအတိုင်း လှူဒါန်းလိုက်ခြင်းဖြင့် ကံအကျိုးထူးသွားတာလည်း ဖြစ်နိုင်ပါတယ်။ မယုံကြည်ဘူးဆိုရင်တောင် လှူဒါန်းလိုက်ခြင်းကြောင့် အနည်းဆုံးတော့ ကုသိုလ်ရပါတယ်။ ဒါဆို ဘယ်လို အမည်ပိုင်ရှင်မျိုးက ဘာကို လှူဒါန်းရမလဲဆိုုတာ လေ့လာကြည့်ရအောင် …. ။

၁။ စက္ကု အမည်မျိုး အစားများ = မျက်စိအမြင်အာရုံနှင့်ဆိုင်သော အမည်မျိုး။

ဥပမာ = အောင်လင်း၊ အောင်ဝင်း၊ ထက်အောင်လင်း၊ စိန်ဝင်း၊ ဝင်းအောင်၊ လင်းလင်း၊ ကြည်လွင်၊ စသည်တို့ဖြစ်ပါတယ်။

၄င်းအမည်ပိုင်ရှင်များ ကံကောင်းရန် အတွက် - အလင်းနဲ့ဆိုင်သောအမည်များ ရွှေသင်္ကန်း၊ ဆီမီး၊ ဖယောင်းတိုင်၊ မီးလုံး၊ မီးချောင်း၊ မီးဆလိုက်၊ ကင်မရာစသည့်တို့ လှူဒါန်းရပါမယ်။

ထုံးသင်္ကန်း၊ အောင်တော်ဖွင့်ခြင်း တို့ပြုလုပ်ခြင်းဖြင့် ကံတရားများ၏ ကောင်းမွန်စွာပုံပိုးမှုများကို ကြံုတွေ့ခံစားရတတ်ပါတယ်။

၂။ သောတ အမည်မျိုး အစားများ = နားနှင့်ပတ်သက်ခြင်း၊ အကြားအာရုံနှင့်ပတ်သက်သော အမည်များ။

မောင်သာယာ၊ဝေဝေလွင် ၊ သံသာစိုး ၊ စသည့်တို့ ဖြစ်ပါတယ်။

၄င်းအမည်ပိုင်ရှင်များ ကံကောင်းရန် - ဘုရားစေတီတွေမှာ ခေါင်းလောင်း၊ ဆည်းလည်း၊ ကြေးစည်၊ မောင်း၊

တရားနှင့် ပတ်သက်သော စီဒီခွေ၊ ဗွီစိီဒီခွေ၊ ကတ်ဆက်၊ အသံချဲ့စက် စသည်များ လှူဒါန်းရပါတယ်။ ပဌာန်းရွတ်ခြင်း၊ တရားပွဲများတွင် ကုသိုလ်ယူခြင်း စသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကံတရားရဲ့ ပံပိုးမှုများ ခံစားရတတ်ပါတယ်။  

၃။ ဃာန အမည်မျိုး အစားများ = ရနံ့နှင့်သက်ဆိုင်သော အမည်များ။

မောင်မောင်လှိုင် မောင်ပန်းမွှေး၊ မွွှေးမွှေးကြူ၊နန်းစံပယ်၊ ချယ်ရီလွင် စသော အမည်များ။

၄င်းအမည်ပိုင်ရှင်များ အနေနဲ့ကတော့ - အခေါက်၊ ရနံ့၊ အနံ့မွှေးကြိုင်သော ပစ္စည်းများလှူဒါန်းရမှာ ဖြစ်ပါတယ်။ အဲလို လုပ်ခြင်းအားဖြင့် သိသိသာသာ ကံတွေ တိုးတက်လာပါလိမ့်မယ်။

၄။ ဇိန်ဝှာ အမည်အမျိုး အစားများ

လျှာနှင့်သက်ဆိုင်သည့် အရသာနှင့်ပတ်သက်သော အမည်များ။

ချိုကြည်သာ၊ မောင်မောင်ချို၊ ခင်မောင်ချို၊ အေးအေးချို၊ နွေးနွေးစသည်အမည်များ။

၄င်းအမည်ပိုင်ရှင်များ ကံကောင်း စေရန် အတွက် - လျှာနှင့်သက််ဆိုင်သောအမည်များကို အာဟာရပြည့်ပြီး အရသာရှိတဲ့အစား အသောက်တွေ လှူဒါန်းပေးပါ။ ထောပတ်ထမင်း၊ ဒန်ပေါက်၊ နတ်သုဒ္ဓါ၊ ရေခဲမုန့်၊ ကိတ်မုန့်စသည့် ကောင်းနိုးရာရာ အစားအစာ သစ်သီး၊ ရေခဲမုန့် စသည်တို့ကို လှူဒါန်းရမယ်။ 

၅။ ကာယ အမည် အမျိုးအစားများ = ခန္ဓာနှင့်ပတ်သက်သော အမည်များဖြစ်သည်။

ဖိုးဝ၊ ဖတ်တီး၊ တုတ်ကြီး၊ မောင်သန်မြန်၊ မောင်လူလှ၊ ဘုတ်ဆုံ၊ သေးသေး၊ ပြည့်ဖြိုး၊ လုံးချော

၄င်းအမည်ပိုင်ရှင်များ ကံကောင်းရန်ကတော့ - ခန္ဓာကိုယ်နှင့် ရင်းပြီး ဒါနပြုရပါတယ်။ ဘုရားတည်၊ ကျောင်းဆောက်၊သိမ်ဆောက်တဲ့နေရာတွေမှာ ငွေလှူဒါန်းရုံသာမက အုတ်သယ်၊ ကျောက်သယ်၊ ကိုယ်တိုင်ဝင်လုပ်ရတယ်၊ ဘုရားစေတီတွေမှာ သန့်ရှင်းရေးလုပ်တာ၊ တံမျက်စည်းလှည်းတာ တွေပြု လုပ်ရတယ်၊ သင်္ကန်းလှူခြင်း၊ ရေလှူခြင်း၊ လမ်းပြင်ခြင်း။ အဲလို လုပ်ခြင်းအားဖြင့် ကံတရားရဲ့ ပံပိုးမှုများကို ခံစားရပါလိမ့်မယ်။

၆။ မန အမည် အမျိုးအစား = စိတ်နှင့်ပတ်သက်သော

အမည်များ။ မောင်ဖြူစင်၊ မောင် စိတ်ကောင်း၊ မောင်မေတ္တာ၊ မောင်ဉာဏ်၊ မောင်ဉာဏ်ပွင့်

၄င်းအမည်ပိုင်ရှင်များ ကံကောင်းစေရန် အတွက် - စိတ်နှင့်ပတ်သက်သောကြောင့် မေတ္တာတရား များများပို့ သခြင်း၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေး ကိစ္စရပ်များတွင် ကိုယ်ဖိရင်ဖိ ကူညီခြင်း ၊ စိတ်ကောင်း၊ စေတနာကောင်းများထားရှိခြင်း သီလ စောင့်ထိန်းခြင်း များများ လုပ်ပေးခြင်းဖြင့် ကံတရား၏ ကူညီ ပံပိုးမှုများ ရရှိ ခံစား ရမည်မှာ မလွဲ ဧကံ ဖြစ်ပါတယ်။ 

ထို ၆ မျိုး မှာ မပါ၀င်တဲ့ တစ်မျိုးက တော့

၇။ စိတ္တဇနာမ် အမည် အမျိုးအစားများဖြစ်ပါတယ် ။

ကျော်အောင်၊ ကျော်အောင် သုခ ၊သိန္ဒိ။

အကောင်အထည ်ပိုင်ဆိုင်ခွင့် မရှိ၊ ဆုတ်ကိုင်ပြသလို မရပါ၊ စိတ္တဇနာမ်အမည် များသည် အခိုးအငွေ့၊ အမွှေးတိုင်များ လှူဒါန်းကြရသည်။ညအဲလို လုပ်ခြင်းအားဖြင့် ကံတရားရဲ့ ပံပိုးမှုများ ရရှိပါလ်ိမ့်မယ်။

အာရုံခြောက်ပါး ယတြာများကို အလေးအနက်ထား လုပ်ဆောင်ပါက ဘုန်းကြီးခြင်း၊ နာမည်ဂုဏ် သတင်းကျော် ဇော်ခြင်း၊ လုပ်ငန်းအောင်မြင်ခြင်း၊ လာဘ်လာဘပွင့် ကြီးပွားချမ်းသာခြင်း၊ လူချစ် လူခင်များခြင်း၊ ပြည့်စုံသည့်

ဘဝများ ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ဗေဒင်ယတြာများ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။