မျိုးကိုထွန်းကိုအင်အားထပ်ဖြည့်တဲ့မြန်မာအသင်း

မြန်မာ့လက်ရွေးစင်အသင်းကိုမူလက 25ယောက်ရွေးချယ်ထားခဲ့ပါတယ်။ဒါပေမယ့်ဗိုလ်ချုပ်ဒိုင်း

ဆီမီးဖိုင်နယ်အပြီးမှာတော့ကစားသမားနှစ်ဦးထပ်တိုးရွေးချယ်

ခဲ့ပါတယ်။ဒီကစားသမားနှစ်ယောက်ကတော့ရန်ကုန်တောင်ပံ

ကစားသမားကြည်လင်းနဲ့ရတနာပုံကွင်းလယ်ဗိုလ်ချုပ်မျိုးကိုထွန်းတို့ပါပဲ။သူတို့နှစ်ဦးစလုံးဟာလက်ရွေးစင်ကစားသမား

ဟောင်းတွေပါ။

ကြည်လင်းဆိုရင်လည်းခြေထောက်ကျိုးဒဏ်ရာရှိနေတာကြောင့်မြန်မာ့လက်ရွေးစင်အသင်းနဲ့ဝေးကွာနေခဲ့တာကြာပါပြီ။

အခုသူပြန်ပါဝင်လာတာဟာမြန်မာ့လက်ရွေးစင်

အသင်းအတွက်သတင်းကောင်းပါပဲ။မျိုးကိုထွန်းကတော့ဗိုလ်ချုပ်ဒိုင်းဆီမီးဖိုင်နယ်ပွဲစဉ်မှာရတနာပုံ

အသင်းရဲ့ကွင်းလယ်ကိုအကောင်းဆုံးControlလုပ်နိုင်

ခဲ့သူပါ။ဂတ်ဆီဇီအကြိုက်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့သူဟာ

အစာအိမ်ဝေဒနာကြောင့်လက်ရွေးစင်အသင်းနဲ့ခေတ္တဝေးကွာ

နေခဲ့တာပါ။

မနေ့ကရန်ကုန်မှာရှိတဲ့မြန်မာ့လက်ရွေးစင်အသင်းကစားသမားတွေအားလုံးမန္တလေးကိုလေယာဉ်နဲ့ရောက်လာခဲ့ပြီး၊

ရှမ်းယူနိုက်တက်ကစားသမားတွေကတော့တောင်ကြီး

ကနေမန္တလေးမြို့ကိုလာရောက်ပူးပေါင်းခဲ့ကြတာပါ။

ထိုင်းအသင်းနဲ့ကစားမယ့်မြန်မာအသင်းရဲ့လူစာရင်းဟာ

လက်ရှိမြန်မာနေရှင်နယ်လိဂ်ရဲ့အကောင်းဆုံးလူစာရင်း

လို့သတ်မှတ်လို့ရပါတယ်။ဒါပေမယ့်စင်ကာပူလိဂ်မှာကစားနေတဲ့ကျော်ဇေယျာဝင်းတို့လို့

ကစားသမားတွေကိုရွေးချယ်ခြင်းမပြုခဲ့တဲ့အတွက်တော့

အနည်းဝေဖန်မှုတွေရှိနေပါတယ်။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။